ပေတရုနှင့်ယောဟန်တို့သည်လူတို့အား ဟောပြောလျက်နေကြစဉ်ယဇ်ပုရောဟိတ် များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့်ဇဒ္ဒုကဲ များသည်ရောက်လာကြ၏။- တမန်တော်တို့သည် သေခြင်းမှသခင်ယေရှု ရှင်ပြန်ထမြောက်သည့်အကြောင်းကိုဟောပြော လျက်နေသဖြင့် ဇဒ္ဒုကဲတို့စိတ်ဆိုးကြ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သေခြင်း မှရှင်ပြန်ထမြောက်မှုသည် သူသေတို့ရှင်ပြန် ထမြောက်ကြလိမ့်မည်ဟူသောအယူဝါဒ မှန်ကန်ကြောင်းကို သက်သေထူလျက်ရှိသော ကြောင့်ဖြစ်၏။- သို့ဖြစ်၍သူတို့သည်တမန်တော်တို့ကို ဖမ်းဆီးကြပြီးနောက် ညချမ်းအချိန်ရှိ ပြီဖြစ်၍ နောက်တစ်နေ့နံနက်တိုင်အောင် ချုပ်နှောင်ထားကြ၏။- သို့ရာတွင်တရားနာသောသူအမြောက် အမြားပင် ကိုယ်တော်ကိုသက်ဝင်ယုံကြည် လာကြ၏။ ယုံကြည်သူအရေအတွက် ငါးထောင်ခန့်တိုးပွားလာသတည်း။ နောက်တစ်နေ့၌ယုဒခေါင်းဆောင်များ၊ အကြီး အကဲများနှင့်ကျမ်းတတ်ဆရာများသည် ယေရုရှလင်မြို့တွင်စုဝေးကြပြီးလျှင်၊- ယဇ်ပုရောဟိတ်မင်းအန္နတ်နှင့်တကွသူ၏ အိမ်ထောင်စုသားများဖြစ်သည့်ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြေုအစရှိသောသူ အပေါင်းတို့နှင့်တွေ့ဆုံတိုင်ပင်ကြ၏။- ထိုသူတို့သည်မိမိတို့ရှေ့တွင်တမန်တော် နှစ်ပါးကိုရပ်စေ၍``သင်တို့သည်မည်သည့် တန်ခိုး၊ မည်သည့်နာမအားဖြင့်ဤအမှု ကိုပြုသနည်း'' ဟုမေးမြန်းကြ၏။ ထိုအခါပေတရုသည် သန့်ရှင်းသောဝိညာဉ် တော်ဖြင့်ပြည့်ဝလျက်``လူတို့၏ခေါင်းဆောင် တို့နှင့်အကြီးအကဲတို့၊- ခြေမစွမ်းမသန်သူတစ်ယောက်ကိုကောင်း ကျိုးပြုသည့်အကြောင်း၊ သူစွမ်းသန်လာပုံ အကြောင်းနှင့်ပတ်သက်၍ ယနေ့ငါတို့အစစ် ခံရကြ၏။- နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။ `တိုက်ကိုတည်ဆောက်ရာတွင် သင်တို့ပယ်ထားသည့်ကျောက်သည် အရေးကြီးဆုံးဖြစ်သည့်ထောင့်ချုပ်ကျောက် ဖြစ်လာရ၏' ဟုကျမ်းစာကရည်ညွန်းသူမှာထိုအရှင် ဖြစ်သည်။- ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။ ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။- သို့ရာတွင်အနာရောဂါပျောက်ကင်းသွားသူ သည် တမန်တော်တို့နှင့်ရပ်လျက်နေသည်ကို မြင်သဖြင့် သူတို့သည်မည်သို့မျှငြင်းဆို ရန်မတတ်နိုင်ကြ။- သို့ဖြစ်၍တမန်တော်တို့ကိုတရားလွှတ် တော်ထဲမှခေတ္တထွက်ခွာသွားစေပြီးလျှင် ဤသို့တိုင်ပင်ကြ၏။- ``ဤသူတို့အားအသို့ပြုအံ့နည်း။ သူတို့အား ဖြင့်ထူးခြားသောနိမိတ်လက္ခဏာတစ်ရပ်ဖြစ် ပေါ်ခဲ့သည်ကို ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့ကောင်းစွာသိကြ၏။ ငါတို့ငြင်း ဆို၍လည်းမရနိုင်။- သို့သော်လူတို့အထဲတွင်ဤသတင်းပို၍ ပျံ့မသွားစေရန် ထိုသူနှစ်ဦးအားယေရှု၏ နာမကိုအမှီပြု၍ နောက်တစ်ဖန်မည်သူကို မျှမဟောမပြောရန်ကျပ်တည်းစွာသတိ ပေးကြကုန်အံ့။'' ထိုနောက်တမန်တော်တို့ကိုပြန်လည်ခေါ်ယူ ကာ သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ နောက်တစ်ဖန်ဟောပြောသွန်သင်ခြင်းလုံးဝ မပြုရန်အမိန့်ပေးကြ၏။- သို့ရာတွင်ပေတရုနှင့်ယောဟန်တို့က``ငါ တို့သည်ဘုရားသခင်၏စကားကိုနား ထောင်ရမည်လော။ သို့မဟုတ်သင်တို့၏စကား ကိုနားထောင်ရမည်လော။ ဘုရားသခင်၏ ရှေ့တော်တွင်အဘယ်သူ၏စကားကိုနား ထောင်သင့်ကြောင်း သင်တို့ကိုယ်တိုင်ပင်အဆုံး အဖြတ်ပေးကြလော့။- ငါတို့မူကားမိမိတို့ကြားရမြင်ရသည့် အမှုအရာများအကြောင်းကိုမဟောမ ပြောဘဲမနေနိုင်ပါ'' ဟုပြန်ပြောကြ၏။- ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။- အံ့သြဖွယ်ကောင်းအောင်ရောဂါပျောက်ကင်း သွားသူကား အသက်လေးဆယ်ကျော်ရှိ သတည်း။
တမန်တော်ဝတ္ထု 4 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော်ဝတ္ထု 4:1-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ