YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 4:1-12

တမန်တော်ဝတ္ထု 4:1-12 BCL

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လူ​တို့​အား ဟော​ပြော​လျက်​နေ​ကြ​စဉ်​ယဇ်​ပု​ရော​ဟိတ် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့်​ဇဒ္ဒုကဲ များ​သည်​ရောက်​လာ​ကြ​၏။- တ​မန်​တော်​တို့​သည် သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ရှင်​ပြန်​ထ​မြောက်​သည့်​အ​ကြောင်း​ကို​ဟော​ပြော လျက်​နေ​သ​ဖြင့် ဇဒ္ဒု​ကဲ​တို့​စိတ်​ဆိုး​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သေ​ခြင်း မှ​ရှင်​ပြန်​ထ​မြောက်​မှု​သည် သူ​သေ​တို့​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟူ​သော​အ​ယူ​ဝါ​ဒ မှန်​ကန်​ကြောင်း​ကို သက်​သေ​ထူ​လျက်​ရှိ​သော ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​သူ​တို့​သည်​တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ကြ​ပြီး​နောက် ည​ချမ်း​အ​ချိန်​ရှိ ပြီ​ဖြစ်​၍ နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ချုပ်​နှောင်​ထား​ကြ​၏။- သို့​ရာ​တွင်​တ​ရား​နာ​သော​သူ​အ​မြောက် အ​မြား​ပင် ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည် လာ​ကြ​၏။ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် ငါး​ထောင်​ခန့်​တိုး​ပွား​လာ​သ​တည်း။ နောက်​တစ်​နေ့​၌​ယု​ဒ​ခေါင်း​ဆောင်​များ၊ အ​ကြီး အ​ကဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​ပြီး​လျှင်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​အန္နတ်​နှင့်​တ​ကွ​သူ​၏ အိမ်​ထောင်​စု​သား​များ​ဖြစ်​သည့်​က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇန္ဒြေု​အ​စ​ရှိ​သော​သူ အ​ပေါင်း​တို့​နှင့်​တွေ့​ဆုံ​တိုင်​ပင်​ကြ​၏။- ထို​သူ​တို့​သည်​မိ​မိ​တို့​ရှေ့​တွင်​တ​မန်​တော် နှစ်​ပါး​ကို​ရပ်​စေ​၍``သင်​တို့​သည်​မည်​သည့် တန်​ခိုး၊ မည်​သည့်​နာ​မ​အား​ဖြင့်​ဤ​အ​မှု ကို​ပြု​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ဖြင့်​ပြည့်​ဝ​လျက်``လူ​တို့​၏​ခေါင်း​ဆောင် တို့​နှင့်​အ​ကြီး​အ​ကဲ​တို့၊- ခြေ​မ​စွမ်း​မ​သန်​သူ​တစ်​ယောက်​ကို​ကောင်း ကျိုး​ပြု​သည့်​အ​ကြောင်း၊ သူ​စွမ်း​သန်​လာ​ပုံ အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယ​နေ့​ငါ​တို့​အ​စစ် ခံ​ရ​ကြ​၏။- နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော် တန်​ခိုး​အား​ဖြင့် ထို​သူ​သည်​ခြေ​စွမ်း​သန်​လာ ၍ ယ​ခု​သင်​တို့​ရှေ့​တွင်​ရပ်​လျက်​နေ​သည်​ကို သင်​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သိ​မှတ်​ကြ​လော့။ ထို​အ​ရှင် ကား​သင်​တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင် ၍​သတ်​ပြီး​နောက် ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။ `တိုက်​ကို​တည်​ဆောက်​ရာ​တွင် သင်​တို့​ပယ်​ထား​သည့်​ကျောက်​သည် အ​ရေး​ကြီး​ဆုံး​ဖြစ်​သည့်​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟု​ကျမ်း​စာ​က​ရည်​ညွန်း​သူ​မှာ​ထို​အ​ရှင် ဖြစ်​သည်။- ထို​အ​ရှင်​တစ်​ပါး​တည်း​သာ​လျှင်​ကယ်​တင် နိုင်​၏။ ကမ္ဘာ​ပေါ်​တွင်​ထို​အ​ရှင်​မှ​တစ်​ပါး ငါ တို့​ကို​ကယ်​တင်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​သူ​တို့​အား​ပြန်​လည်​ဖြေ​ကြား​လေ​၏။