``ညီအစ်ကိုများနှင့်ဖခင်တို့၊ ယခုအကျွန်ုပ် ထုချေမည့်စကားကိုနားထောင်ကြပါ'' ဟု ဆို၏။- ထိုသို့ဟေဗြဲဘာသာဖြင့်ပြောဆိုသည်ကို ကြားသောအခါ လူတို့သည်ပို၍ပင်ဆိတ် ဆိတ်နေကြ၏။ ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။- အကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။- အကျွန်ုပ်ပြောဆိုသည်အတိုင်းမှန်ကန်ကြောင်း ကို ယဇ်ပုရောဟိတ်မင်းနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့ကသက်သေ ခံနိုင်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ထံ မှဒမာသက်မြို့နေ ယုဒညီအစ်ကိုထံသို့ ရေးပေးလိုက်သည့်အမှာစာများကိုရယူ ၏။ ထိုနောက်ထိုလမ်းစဉ်တော်ကိုလိုက်လျှောက် သူတို့အား အပြစ်ဒဏ်စီရင်ခြင်းငှာဖမ်းဆီး ချည်နှောင်လျက် ယေရုရှလင်မြို့သို့ခေါ်ဆောင် လာရန်ဒမာသက်မြို့သို့ထွက်ခွာသွားပါ ၏။ ``အကျွန်ုပ်သည်ခရီးသွားနေစဉ်ဒမာသက် မြို့အနီးသို့ရောက်သောအခါမွန်းတည့်အချိန် ခန့်တွင် ကောင်းကင်မှအလင်းရောင်ကြီးတစ်ခု သည် ရုတ်တရက်အကျွန်ုပ်ပတ်လည်တွင်ထွန်း တောက်သဖြင့်၊- အကျွန်ုပ်သည်မြေပေါ်သို့လဲကျနေစဉ် `ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ကိုနှိပ်စက် ညှဉ်းဆဲသနည်း' ဟူသောအသံကိုကြားရ ပါ၏။- အကျွန်ုပ်က `အရှင်၊ ကိုယ်တော်သည်မည်သူဖြစ် ပါသနည်း' ဟုမေးလျှောက်လျှင်ကိုယ်တော်က `ငါသည်သင်နှိပ်စက်ညှဉ်းဆဲသောနာဇရက် မြို့သားယေရှုပင်ဖြစ်၏' ဟုမိန့်တော်မူ၏။- အကျွန်ုပ်နှင့်အတူပါလာကြသောသူတို့ သည် ထိုအလင်းရောင်ကိုမြင်ရကြသော် လည်း အကျွန်ုပ်အားမိန့်မှာတော်မူသောအရှင် ၏အသံကိုမူမကြားရကြ။- အကျွန်ုပ်က `အရှင်၊ အကျွန်ုပ်သည်အဘယ်သို့ ပြုရပါမည်နည်း' ဟုမေးလျှောက်လျှင်ကိုယ်တော် က `ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင် ဆောင်ရွက်ရန်ခွဲခန့်သတ်မှတ်ထားသည့်အမှု အရာခပ်သိမ်းကို ထိုမြို့တွင်သင့်အားပြော မည်' ဟုမိန့်တော်မူ၏။- အကျွန်ုပ်သည်အလင်းရောင်၏တောက်ပြောင်မှု ကြောင့်မျက်စိကွယ်သွားသဖြင့် အကျွန်ုပ်နှင့် အတူပါလာကြသောသူတို့က အကျွန်ုပ် ကိုလက်ဆွဲ၍ဒမာသက်မြို့သို့ပို့ဆောင် ပေးရကြပါသည်။ အာနနိဆိုသူသည်အကျွန်ုပ်၏ထံသို့လာ ပါ၏။ သူသည်ပညတ်တရားကိုလိုက်လျှောက် ကျင့်သုံး၍ ဘုရားဝတ်၌မွေ့လျော်သူဖြစ်၏။ ဒမာသက်မြို့ရှိယုဒအမျိုးသားအပေါင်း တို့၏ရိုသေလေးစားခြင်းကိုလည်းခံရ၏။- သူသည်အကျွန်ုပ်၏အနီးတွင်ရပ်လျက် `ညီရှောလု၊ သင်သည်မျက်စိပြန်၍မြင်စေသတည်းဟုဆို၏။ ထိုခဏ၌ပင်လျှင်အကျွန်ုပ်သည်မျက်စိပြန်၍ မြင်သဖြင့်သူ့ကိုကြည့်လိုက်ရာ၊- အာနနိက `သင်သည်ငါတို့ဘိုးဘေးများ ကိုးကွယ်သည့်ဘုရားသခင်၏အလိုတော် ကိုသိရစေရန်လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်သောအစေခံအားဖူးမြင်ရစေ ရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်တော်မှ အသံတော်ကိုကြားရစေရန်လည်းကောင်း ကိုယ်တော်သည်သင့်အားရွေးချယ်တော်မူ လေပြီ။- သင်သည်မိမိမြင်ရကြားရသည့်အရာ များကို လူအပေါင်းတို့အားပြောကြားရန် ထိုအရှင်၏သက်သေခံဖြစ်ရလိမ့်မည်။- သို့ဖြစ်၍ယခုသင်သည်အဘယ်ကြောင့်ဆိုင်းငံ့ နေပါသနည်း။ ထ၍ဗတ္တိဇံမင်္ဂလာကိုခံလော့။ သင်၏အပြစ်များဖြေလွှတ်စိမ့်သောငှာကိုယ် တော်အားပတ္ထနာပြုလော့' ဟုဆိုလေသည်။ ``အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်ရောက် ၍ ဗိမာန်တော်တွင်ဆုတောင်းလျက်နေစဉ်ဗျာ ဒိတ်ရူပါရုံကိုမြင်ရပါ၏။- ထိုဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားသည် ထင်ရှား၍ `သင်သည်ဆိုင်းငံ့၍မနေဘဲယေရု ရှလင်မြို့မှ အလျင်အမြန်ထွက်ခွာသွားလော့။ ဤမြို့သားတို့သည်ငါ၏အကြောင်းသင်သက် သေခံချက်ကိုလက်ခံကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏။- အကျွန်ုပ်က `သခင်ဘုရား၊ တရားဇရပ်တစ်ခု မှတစ်ခုသို့သွား၍ အရှင့်ကိုယုံကြည်ကြသူ တို့အားဖမ်းဆီးရိုက်နှက်သူမှာ အကျွန်ုပ်ပင် ဖြစ်ကြောင်းထိုသူတို့သိကြပါ၏။- အရှင်၏အကြောင်းသက်သေခံသူသတေဖန် ကိုသတ်ကြသောအခါ၌လည်း အကျွန်ုပ်သည် အနီးတွင်ရပ်လျက်အလိုတူအလိုပါပြု ခဲ့ပါ၏။ သူ့ကိုသတ်ကြသောသူတို့၏အဝတ် များကိုစောင့်ထိန်းပေးခဲ့ပါ၏' ဟုပြန်လျှောက် သော်၊- သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။
တမန်တော်ဝတ္ထု 22 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော်ဝတ္ထု 22:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ