ထိုအချိန်၌သခင်ဘုရားလမ်းစဉ်တော်၏ အတွက်ကြောင့် ဧဖက်မြို့တွင်ဆူပူလှုပ်ရှား မှုကြီးတစ်ရပ်ဖြစ်ပေါ်လာ၏။- ဒေမေတရိနာမည်ရှိသောငွေပန်းထိမ်ဆရာ သည် အာတေမိနတ်သမီး၏ငွေနတ်ကွန်းပုံတူ ကလေးများကိုပြုလုပ်ခြင်းအားဖြင့် လက်မှု ပညာသည်များအားများစွာငွေဝင်လမ်းဖြောင့် စေခဲ့၏။- သူသည်ထိုလုပ်ငန်းဆိုင်ရာအလုပ်သမားများ နှင့်အလားတူ လုပ်ငန်းဆိုင်ရာအခြားအလုပ် သမားများကိုစုရုံးစေပြီးလျှင် ``အချင်းလူ တို့၊ ဤလုပ်ငန်းဖြင့် ငါတို့စီးပွားလမ်းဖြောင့်ခဲ့ ကြောင်းကိုသင်တို့သိကြ၏။- ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။- လူတို့သည်ငါတို့၏အတတ်ကိုကဲ့ရဲ့ပြောဆို မည်သာမကအာရှပြည်နှင့်တကွ ကမ္ဘာတစ်ဝန်း လုံးကိုးကွယ်သည့်အာတေမိနတ်သမီးကြီး၏ ဂုဏ်အသရေညှိုးနွမ်းလျက် သူ၏နတ်ကွန်းသည် လည်းမရေမရာဖြစ်ရတော့မည့်ဘေးနှင့်ရင် ဆိုင်နေရ၏'' ဟုပြော၏။ ထိုစကားကိုကြားလျှင်လက်မှုပညာသည် တို့သည် ဒေါသအမျက်ထွက်ကာ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟုကြွေးကြော်ကြ၏။- တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။- ပေါလုသည်မိမိကိုယ်တိုင်ထိုလူပရိသတ် နှင့်ရင်ဆိုင်လို၏။ သို့သော်တပည့်တော်တို့က ထိုသို့မပြုရန်ဆီးတားကြ၏။- ပေါလု၏အဆွေဖြစ်သောနယ်အာဏာပိုင် အချို့တို့ကလည်း မြို့တော်ခန်းမကြီးထဲ သို့မဝင်ရန်လူလွှတ်၍တောင်းပန်ကြ၏။- ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။- လူများစုသည်မိမိတို့အဘယ်ကြောင့်စုဝေး လျက်နေကြသည်ကိုမသိကြ။ ယုဒအမျိုး သားတို့သည်အာလေဇန္ဒြုကိုလူပရိသတ်ရှေ့ သို့သွားစေသဖြင့် လူထုအထဲမှလူအချို့ တို့ကထိုသူသည်ဖြစ်ပေါ်လျက်ရှိသည့်အရေး အခင်းနှင့်ပတ်သက်သူဖြစ်မည်ဟုယူဆ ကြ၏။ အာလေဇန္ဒြုသည်ပရိသတ်အား ဆိတ်ငြိမ်ရန်လက်ရိပ်ပြ၏။ ချေပပြောဆို ရန်ကြိုးစား၏။- သို့ရာတွင်သူသည်ယုဒအမျိုးသားဖြစ်သည် ကို လူတို့သိကြသောအခါ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟု နှစ်နာရီကြာမျှသံပြိုင်ကြွေးကြော်ကြ၏။ နောက်ဆုံး၌မြို့စာရေးသည်လူပရိသတ်တို့ အား ဆိတ်ဆိတ်နေစေပြီးလျှင် ``ဧဖက်မြို့သား တို့၊ ဧဖက်မြို့တော်သည်ကြီးမြတ်သည့်အာ တေမိနတ်သမီး၏နတ်ကွန်းနှင့် ကောင်းကင် ဘုံမှကျလာသည့်ရုပ်တုတော်တည်ရှိရာ ဌာနတော်ဖြစ်ကြောင်းကိုလူတိုင်းသိ၏။- ဤအချက်ကိုအဘယ်သူမျှမငြင်းဆိုနိုင်။ သို့ဖြစ်၍သင်တို့သည်ဆိတ်ဆိတ်နေသင့်ကြ၏။ မဆင်ခြင်ဘဲအဘယ်အမှုကိုမျှမပြုသင့်။- သင်တို့သည်ထိုသူတို့ကို ဤနေရာသို့ခေါ်ဆောင် ခဲ့ကြ၏။ သူတို့သည်ငါတို့၏ဗိမာန်တော်ထဲဝင် ၍လုယက်ခြင်းမပြု။ ငါတို့၏နတ်သမီးကို စော်ကားသောစကားကိုလည်းမပြော။- သို့ဖြစ်၍ဒေမေတရိနှင့်အပေါင်းပါလက်မှု ပညာသည်များသည် လူတစ်စုံတစ်ယောက်အား တရားစွဲဆိုလိုလျှင် တရားရုံးဖွင့်ရက်များ နှင့်အာဏာပိုင်များရှိသဖြင့် ရုံးတော်တွင် တရားစွဲဆိုနိုင်ပါ၏။- သို့ရာတွင်သင်တို့မှာအခြားအမှုကိစ္စရှိ ပါက တရားဝင်အစည်းအဝေး၌စီရင် ဆုံးဖြတ်ရမည်။- ယနေ့ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းသည် ငါတို့ ကြောင့်ဖြစ်ရသည်ဟုအစွပ်အစွဲခံရစရာ ရှိ၏။ ဤသို့ရုတ်ရုတ်သဲသဲဖြစ်စရာအကြောင်း မရှိ။ ရုတ်ရုတ်သဲသဲဖြစ်ရသည်ကို ငါတို့ခိုင် လုံသည့်အကြောင်းပြချက်ပေးနိုင်ကြမည် မဟုတ်'' ဟုဆို၏။- ဤသို့ဆိုပြီးလျှင်မြို့စာရေးသည်လူပရိ သတ်တို့အား ထိုနေရာမှထွက်ခွာသွားစေ လေသည်။
တမန်တော်ဝတ္ထု 19 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော်ဝတ္ထု 19:23-41
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ