ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊- ``သင်တို့သည်ယုံကြည်သူများဖြစ်လာကြ သောအခါ သန့်ရှင်းသောဝိညာဉ်တော်ကိုခံ ယူရကြပါ၏လော'' ဟုမေး၏။ ထိုသူတို့က ``သန့်ရှင်းသောဝိညာဉ်တော်ရှိ တော်မူကြောင်းကိုပင် ကျွန်ုပ်တို့မကြားဘူး ပါ'' ဟုဆိုကြ၏။ ပေါလုက ``ဤသို့ဖြစ်ပါမူသင်တို့သည် အဘယ်မည်သောဗတ္တိဇံမင်္ဂလာကိုခံခဲ့ ကြပါသနည်း'' ဟုမေး၏။ သူတို့က ``ယောဟန်၏ဗတ္တိဇံမင်္ဂလာကို ခံခဲ့ပါသည်'' ဟုဆိုကြ၏။ ပေါလုက ``ယောဟန်၏ဗတ္တိဇံမင်္ဂလာသည် နောင်တရသူတို့အဖို့ဖြစ်၏။ ယောဟန်သည် မိမိ၏နောက်တွင်ကြွလာတော်မူမည့်အရှင် ကိုယုံကြည်ရမည်ဟု ဣသရေလအမျိုးသား တို့အားဟောပြောခဲ့၏။ ထိုအရှင်ကားသခင် ယေရှုပေတည်း'' ဟုဆို၏။ ထိုစကားကိုကြားလျှင်သူတို့သည် သခင် ယေရှု၏နာမတော်ကိုအမှီပြု၍ဗတ္တိဇံ မင်္ဂလာခံကြ၏။- ပေါလုသည်သူတို့၏ဦးခေါင်းအပေါ်မှာ လက်ကိုတင်လိုက်သောအခါ သန့်ရှင်းသောဝိညာဉ် တော်သည်သူတို့၏အပေါ်သို့သက်ရောက်တော် မူ၏။ ထိုအခါသူတို့သည်ထူးဆန်းသောဘာ သာစကားများကိုပြောကြ၏။ ဘုရားသခင် ၏တရားတော်ကိုလည်းဟောပြောကြေညာ ကြ၏။- သူတို့အရေအတွက်မှာတစ်ဆယ့်နှစ်ယောက် မျှရှိသတည်း။
တမန်တော်ဝတ္ထု 19 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော်ဝတ္ထု 19:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ