YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 17:16-25

တမန်တော်ဝတ္ထု 17:16-25 BCL

ပေါ​လု​သည်​အာ​သင်​မြို့​တွင် သိ​လ​နှင့်​တိ​မော​သေ တို့​ကို​စောင့်​ဆိုင်း​လျက်​နေ​စဉ် ထို​မြို့​တွင်​ရုပ်​တု များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည်​ကို​မြင်​သ​ဖြင့် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။- ထို့​ကြောင့်​တ​ရား​ဇ​ရပ်​တွင်​ယု​ဒ​အ​မျိုး​သား များ၊ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​များ​နှင့် လည်း​ကောင်း၊ နေ့​စဉ်​နေ့​တိုင်း​မြို့​တွင်း​မြေ​ကွက် လပ်​သို့​လာ​ရောက်​ကြ​သူ​များ​နှင့်​လည်း​ကောင်း တ​ရား​ဆွေး​နွေး​၏။- ဧ​ပိ​ကု​ရု​နှင့်​သ​တော​အိပ်​ဟု​ခေါ်​သော အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​၏။ ထို သူ​အ​ချို့​တို့​က ``ဤ​စ​ကား​အိုး​သည်​အ​ဘယ် အ​ရာ​ကို​ပြော​ဆို​နေ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ အ​ခြား​သူ​များ​က ``သူ​သည်​လူ​မျိုး​ခြား​တို့​၏ နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ပြော​ဆို​နေ​ဟန် တူ​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြော​ကြ ခြင်း​မှာ​ပေါ​လု​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း တို့​ကို​ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ပေါ​လု​ကို အာ​ရေ​တောင် တ​ရား​ရုံး​တော်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ``သင် ဟော​ပြော​နေ​သည့်​အ​ယူ​ဝါ​ဒ​သစ်​အ​ကြောင်း ကို​ငါ​တို့​သိ​ပါ​ရ​စေ။- သင်​တို့​ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​အ​ချို့ တို့​မှာ ငါ​တို့​အ​တွက်​အ​သစ်​အ​ဆန်း​ဖြစ်​၍ နေ​ပါ​၏။ ထို​အ​ရာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ငါ​တို့​သိ​ချင်​ပါ​သည်'' ဟု​ဆို​ကြ​၏။- (အာ​သင်​မြို့​သား​အ​ပေါင်း​တို့​နှင့်​ထို​မြို့​တွင် နေ​ထိုင်​သူ​ဧည့်​သည်​များ​သည် သ​တင်း​အ​သစ် အ​ဆန်း​ကို​ပြော​ဆို​ကြား​နာ​ခြင်း​အား​ဖြင့် အ​ချိန်​ကို​ကုန်​လွန်​စေ​တတ်​ကြ​၏။) ပေါ​လု​သည် အာ​ရေ​တောင်​တ​ရား​ရုံး​တော်​ရှေ့ တွင်​ရပ်​လျက် ``အာ​သင်​မြို့​သား​တို့၊ သင်​တို့​သည် လွန်​စွာ​ဘု​ရား​တ​ရား​ကြည်​ညို​သူ​များ​ဖြစ် ကြောင်း အ​စ​စ​အ​ရာ​ရာ​ကို​ထောက်​၍​ငါ​သိ ရ​၏။- ငါ​သည်​သင်​တို့​မြို့​ကို​လှည့်​လည်​၍ ဘု​ရား ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ကြည့်​ရှု​ခဲ့​စဉ် `ငါ တို့​မ​သိ​သော​ဘု​ရား​အ​တွက်' ဟူ​၍​ကမ္ပည်း လိပ်​စာ​ရေး​ထိုး​ထား​သည့်​ယဇ်​ပလ္လင်​တစ်​ခု ကို​တွေ့​ရှိ​ခဲ့​ပါ​၏။ ဤ​သို့​သင်​တို့​မ​သိ​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော​ဘု​ရား​၏​အ​ကြောင်း ကို​သင်​တို့​အား​ယ​ခု​ငါ​ဟော​ပြော​ပါ​၏။- ကမ္ဘာ​လော​က​ကြီး​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် မိုး​မြေ​ကို​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ဖြစ်​၍​လူ့​လက်​ဖြင့်​ဆောက်​လုပ်​သည့် ဘုံ​ဗိ​မာန်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ။- ထို​အ​ရှင်​ကိုယ်​တိုင်​ပင်​လူ​ခပ်​သိမ်း​တို့​အား အ​သက်​နှင့်​တ​ကွ​အ​ခြား​လို​အပ်​သည့်​အ​ရာ ရှိ​သ​မျှ​ကို​ပေး​သ​နား​တော်​မူ​၏။ သို့​ဖြစ် ၍​တစ်​စုံ​တစ်​ခု​ကို​လို​လား​၍​လူ့​လက်​မှ အ​ထောက်​အ​ပံ့​ကို​ခံ​ယူ​ရန်​မ​လို​ပေ။