YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 17:1-16

တမန်တော်ဝတ္ထု 17:1-16 BCL

သူ​တို့​သည်​ခ​ရီး​ဆက်​ခဲ့​ရာ​အံ​ဖိ​ပေါ​လိ​မြို့ နှင့်​အာ​ပေါ​လော​နိ​မြို့​ကို​ဖြတ်​၍ သက်​သာ လော​နိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင်​ယု​ဒ တ​ရား​ဇ​ရပ်​ရှိ​၏။- ပေါ​လု​သည်​မိ​မိ​၏​အ​လေ့​အ​ထ​ရှိ​သည် အ​တိုင်း ထို​တ​ရား​ဇ​ရပ်​သို့​သွား​၍ ဥ​ပုသ်​နေ့ သုံး​နေ့​တိုင်​တိုင်​ကျမ်း​စာ​တော်​ကို​ကိုး​ကား ကာ​လူ​တို့​နှင့်​အ​ခြေ​အ​တင်​ဆွေး​နွေး​၏။- မေ​ရှိ​ယ​သည်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့် အ​ကြောင်း​တို့​ကို ကျမ်း​ချက်​အ​ထောက်​အ​ထား များ​နှင့်​တ​ကွ​ရှင်း​လင်း​စွာ​ဖွင့်​ပြ​၏။ ပေါ​လု က ``ငါ​သင်​တို့​အား​ပြော​ပြ​နေ​သော​သ​ခင် ယေ​ရှု​ကား​မေ​ရှိ​ယ​ပင်​ဖြစ်​၏'' ဟု​ဆို​၏။- အ​ချို့​သော​သူ​တို့​သည်​ပေါ​လု​ပြော​သော​စ​ကား ကို​ယုံ​ကြည်​သ​ဖြင့် ပေါ​လု​နှင့်​သိ​လ​တို့​၏​အ​ဖွဲ့ သို့​ဝင်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​ဂ​ရိ အ​မျိုး​သား​အ​မြောက်​အ​မြား​နှင့်​ထင်​ပေါ်​သော ဂ​ရိ​အ​မျိုး​သ​မီး​များ​လည်း သူ​တို့​၏​အ​ဖွဲ့ သို့​ဝင်​ကြ​လေ​သည်။ သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​သည် မ​နာ​လို စိတ်​ရှိ​သ​ဖြင့်​လမ်း​ပေါ်​မှ​ဂျ​ပိုး​တေ​လေ​များ ကို​ခေါ်​ယူ​ကာ လူ​ထု​ကြီး​တစ်​ရပ်​ဖြစ်​အောင် စု​ရုံး​၍​တစ်​မြို့​လုံး​ကို​အုတ်​အုတ်​သဲ​သဲ​ဖြစ် စေ​ကြ​၏။ သူ​တို့​သည်​ယာ​သုန်​၏​အိမ်​သို့​ဝင်​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​သို့ ဆွဲ​ထုတ်​ရန်​ရှာ​ဖွေ​ကြ​၏။- ရှာ​၍​မ​တွေ့​ကြ​သော​အ​ခါ​သူ​တို့​သည် ယာ​သုန် နှင့်​တ​ပည့်​တော်​အ​ချို့​တို့​ကို​မြို့​အာ​ဏာ​ပိုင် များ​၏​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင် ``ဤ​လူ​စု သည်​အ​ရပ်​တ​ကာ​တွင်​ဒုက္ခ​ပေး​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ယ​ခု​ကျွန်ုပ်​တို့​မြို့​သို့​လည်း​ရောက် ရှိ​လာ​ကြ​ပါ​ပြီ။ ယာ​သုန်​သည်​ထို​သူ​တို့​ကို မိ​မိ​၏​အိမ်​တွင်​လက်​ခံ​ထား​ပါ​၏။- ထို​သူ​တို့​သည်​ယေ​ရှု​ဟူ​သော​အ​ခြား ဧ​က​ရာဇ်​ဘု​ရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​ကာ ဧ​က​ရာဇ်​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​ဘက် ပြု​ကြ​ပါ​၏'' ဟု​ဟစ်​အော်​ကြ​သော်၊- လူ​ပ​ရိ​သတ်​နှင့်​မြို့​အာ​ဏာ​ပိုင်​များ​သည် ဆူ​ညံ​၍​သွား​ကြ​၏။- အာ​ဏာ​ပိုင်​တို့​သည်​ယာ​သုန်​နှင့်​အ​ပေါင်း​အ​ပါ တို့​အား အာ​မ​ခံ​ငွေ​များ​ကို​ပေး​ဆောင်​စေ​ပြီး နောက်​ထွက်​သွား​ခွင့်​ပြု​ကြ​၏။ ညဥ့်​အ​ချိန်​ရောက်​လျှင်​ရောက်​ချင်း​ယုံ​ကြည် သူ​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဗေ​ရိ​မြို့ သို့​ထွက်​ခွာ​သွား​စေ​ကြ​၏။ ထို​မြို့​သို့​ရောက်​လျှင် သူ​တို့​သည်​ယု​ဒ​တ​ရား​ဇ​ရပ်​သို့​သွား​ကြ​၏။- ဗေ​ရိ​မြို့​သား​တို့​ကား​သက်​သာ​လော​နိတ်​မြို့​သား တို့​လောက် တစ်​ယူ​သန်​စိတ်​ရှိ​သူ​များ​မ​ဟုတ်​ချေ။ သို့​ဖြစ်​၍​ပေါ​လု​ဟော​ပြော​သည့်​တ​ရား​တော်​ကို အ​လွန်​ကြည်​ညို​သော​စိတ်​ဖြင့်​နာ​ခံ​ကြ​၏။ သူ​တို့ သည်​ပေါ​လု​နှင့်​သိ​လ​တို့​ပြော​ကြား​သည့်​အ​တိုင်း မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန်​နေ့​စဉ်​နေ့​တိုင်း​ကျမ်း စာ​တော်​ကို​လေ့​လာ​ကြ​၏။- ထို့​ကြောင့်​သူ​တို့​အ​များ​ပင်​ယုံ​ကြည်​လာ​ကြ​၏။ ယင်း​သို့​ယုံ​ကြည်​သူ​တို့​တွင်​ဂုဏ်​အ​သ​ရေ​ရှိ ဂ​ရိ​အ​မျိုး​သ​မီး၊ အ​မျိုး​သား​အ​မြောက် အ​မြား​ပါ​ဝင်​၏။- ဗေ​ရိ​မြို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို​ပေါ​လု​ဟော​ပြော​လျက်​ရှိ​ကြောင်း​ကို သက်​သာ​လော​နိတ်​မြို့​မှ​ယု​ဒ​အ​မျိုး​သား​တို့ သည်​ကြား​သိ​ကြ​သော​အ​ခါ ဗေ​ရိ​မြို့​သို့​လာ ၍​လူ​တို့​အား​ဆူ​ပူ​အောင်​လှုံ့​ဆော်​ပေး​ကြ​၏။- ထို​အ​ခါ​ယုံ​ကြည်​သူ​တို့​သည်​ချက်​ချင်း​ပင် ပေါ​လု​ကို​ပင်​လယ်​ကမ်း​ခြေ​သို့​ထွက်​ခွာ​သွား စေ​ကြ​၏။ သိ​လ​နှင့်​တိ​မော​သေ​တို့​မူ​ကား ဗေ​ရိ မြို့​တွင်​ပင်​နေ​ရစ်​ခဲ့​ကြ​၏။- ပေါ​လု​ကို​လိုက်​ပို့​ကြ​သော​သူ​တို့​သည် သူ​နှင့် အာ​သင်​မြို့​အ​ထိ​လိုက်​သွား​ကြ​၏။ ထို့​နောက် သိ​လ​နှင့်​တိ​မော​သေ​တို့​အ​မြန်​ဆုံး​လိုက် လာ​စေ​ရန်​ညွှန်​ကြား​ချက်​ရ​လျက် ဗေ​ရိ​မြို့ သို့​ပြန်​သွား​ကြ​၏။ ပေါ​လု​သည်​အာ​သင်​မြို့​တွင် သိ​လ​နှင့်​တိ​မော​သေ တို့​ကို​စောင့်​ဆိုင်း​လျက်​နေ​စဉ် ထို​မြို့​တွင်​ရုပ်​တု များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည်​ကို​မြင်​သ​ဖြင့် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။