YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက် 3:6-18

၂ သက် 3:6-18 BCL

ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။- သင်​တို့​သည်​ငါ​တို့​အ​လုပ်​လုပ်​ခဲ့​သည့်​စံ န​မူ​နာ​ကို​လိုက်​၍​ပြု​ကျင့်​သင့်​သည်​ကို သင် တို့​ကိုယ်​တိုင်​ကောင်း​စွာ​သိ​ရှိ​ကြ​ပေ​သည်။ သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​လုပ်​မ​လုပ်​ဘဲ​မ​နေ​ခဲ့​ကြ။- ငါ​တို့​စား​စ​ရိတ်​မှန်​သ​မျှ​ကို​ငါ​တို့​ကျ​ခံ ခဲ့​ကြ​၏။ သင်​တို့​တစ်​ဦး​တစ်​ယောက်​အား​မျှ ငါ​တို့​အ​တွက်​တာ​ဝန်​မ​ရှိ​ရ​စေ​ရန် ငါ​တို့ သည်​အ​လုပ်​ကို​ပင်​ပန်း​စွာ​နေ့​ရော​ညဥ့်​ပါ လုပ်​ကိုင်​ခဲ့​ကြ​၏။- ယင်း​သို့​ပြု​ကြ​ခြင်း​မှာ​ငါ​တို့​တွင်​သင်​တို့ ၏​အ​ထောက်​အ​ပံ့​ကို​တောင်း​ပိုင်​ခွင့်​မ​ရှိ​ကြ ၍​မ​ဟုတ်။ သင်​တို့​လိုက်​လျှောက်​ရန်​စံ​န​မူ​နာ ရ​ရှိ​ကြ​စေ​ရန်​သာ​ဖြစ်​၏။- သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က​ငါ​တို့ သည်​သင်​တို့​အား``အ​လုပ်​မ​လုပ်​လို​သူ​သည် အ​စား​အ​စာ​လည်း​မ​စား​ရ'' ဟူ​၍​သွန်​သင် လေ့​ရှိ​၏။ သင်​တို့​အ​ထဲ​တွင်​အ​ပျင်း​ကြီး​လျက်​အ​လုပ် မ​လုပ်​ဘဲ သူ​တစ်​ပါး​တို့​၏​ကိစ္စ​များ​တွင်​ဝင် ရောက်​စွက်​ဖက်​နေ​တတ်​သူ​များ​ရှိ​ကြောင်း သိ​ရ​ပေ​သည်။- ဤ​ကဲ့​သို့​သော​သူ​တို့​အား​ငြိမ်​ဝပ်​စွာ​နေ​ထိုင် ကာ​အ​လုပ်​ကို​လုပ်​၍​အ​သက်​မွေး​ဝမ်း​ကျောင်း ကြ​ရန် ငါ​တို့​သည်​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်​အ​မိန့်​ပေး ၍​တိုက်​တွန်း​၏။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ပြု​ကျင့်​ကြ​လော့။- အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​သည်​ဤ​စာ တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက် နာ​သော် ထို​သူ​ကို​သ​တိ​ပြု​၍​အ​ရှက်​ရ​စေ ရန်​သူ​နှင့်​မ​ပေါင်း​ဖော်​ကြ​နှင့်။- သို့​ရာ​တွင်​သူ့​အား​ရန်​သူ​ကဲ့​သို့​သ​ဘော​မ​ထား ဘဲ ညီ​အစ်​ကို​ကဲ့​သို့​သ​ဘော​ထား​ကာ​သ​တိ​ပေး ကြ​လော့။ ငြိမ်​သက်​ခြင်း​၏​အ​ရှင်​သ​ခင်​ဘု​ရား​ကိုယ်​တော် တိုင်​သင်​တို့​အား အ​ခါ​ခပ်​သိမ်း​နည်း​အ​မျိုး​မျိုး ဖြင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။ သ​ခင်​ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​၏​လက်​ဖြင့်​ဤ​စာ​လုံး​များ​ကို​ရေး​၏။ ငါ ပေါ​လု​သည်​သင်​တို့​အား​နှုတ်​ဆက်​၏။ ငါ​ပေး ပို့​သော​စာ​တိုင်း​တွင်​ဤ​အ​တိုင်း​လက်​မှတ်​ရေး ထိုး​၏။ ဤ​ကဲ့​သို့​ငါ​ရေး​၏။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး တော်​ကို​သင်​တို့​အား​လုံး​ခံ​စား​ရ​ကြ​ပါ စေ​သ​တည်း။ သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။