YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာ 18:31-33

၂ ရာ 18:31-33 BCL

ထို​နောက်​ကု​ရှိ​အ​မျိုး​သား​ရောက်​ရှိ​လာ​၍ မင်းကြီး​အား``အ​ကျွန်ုပ်​သည်​အ​ရှင်​မင်း​ကြီး အ​တွက်​သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​ပါ သည်။ ယ​နေ့​အ​ရှင်​အား​ထာ​ဝ​ရ​ဘု​ရား သည်​ပုန်​ကန်​သူ​အ​ပေါင်း​တို့​အ​ပေါ်​တွင် အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၏။ မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​တော်​မူ​သော်​ကု​ရှိ​အ​မျိုး သား​က``အ​ရှင်၊ အ​ရှင်​၏​ရန်​သူ​များ​နှင့်​အ​ရှင့် အား​ပုန်​ကန်​ကြ​သူ​များ​သည်​ထို​သူ​ငယ် ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု​လျှောက်​၏။ မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။