ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊- နေမန်၏နောက်သို့လိုက်လေ၏။ နေမန်သည်မိမိ ၏နောက်သို့လူတစ်ယောက်လိုက်လာသည်ကိုမြင် သောအခါ ထိုသူနှင့်တွေ့ဆုံရန်ရထားပေါ်မှ ဆင်း၍``အရေးကိစ္စတစ်စုံတစ်ရာရှိပါသလော'' ဟုမေး၏။ ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။ နေမန်က``ကျေးဇူးပြု၍ငွေသားခြောက်ထောင်ယူ ပါလော့'' ဟုတိုက်တွန်းပြီးလျှင်ထိုငွေကိုအိတ်နှစ် လုံးတွင်ထည့်၍ ဝတ်စုံနှစ်စုံနှင့်အတူမိမိ၏ အစေခံနှစ်ယောက်အားပေးအပ်ကာဂေဟာဇိ ရှေ့မှထမ်းယူသွားစေ၏။- သူတို့သည်ဧလိရှဲနေထိုင်ရာတောင်ကုန်းသို့ရောက် သောအခါ ဂေဟာဇိသည်အိတ်နှစ်လုံးကိုယူ၍အိမ် ထဲသို့သယ်ဆောင်သွားလေသည်။ ထိုနောက်နေမန်၏ အစေခံများအားပြန်၍လွှတ်လိုက်၏။- သူသည်အိမ်ထဲသို့ပြန်၍ဝင်လာသောအခါဧလိ ရှဲက``အဘယ်သို့သွားနေပါသနည်း'' ဟုမေး၏။ ဂေဟာဇိက``အရှင်၊ ကျွန်တော်အဘယ်ကိုမျှ မသွားပါ'' ဟုပြန်ပြော၏။ သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။- ယခုနေမန်၏ရောဂါသည်သင့်အပေါ်သို့သက် ရောက်၍ သင်နှင့်သင့်သားမြေးတို့၌ထာဝစဉ်စွဲ ကပ်နေလိမ့်မည်'' ဟုဆို၏။ ဂေဟာဇိထွက်သွား ချိန်၌ထိုရောဂါစွဲကပ်သဖြင့် သူ၏ကိုယ်သည် မိုးပွင့်ကဲ့သို့ဖြူလျက်နေ၏။
၄ ရာ 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၄ ရာ 5:20-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ