YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ရာ 23:1-3

၄ ရာ 23:1-3 BCL

ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊- ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ဆင်း​ရဲ ချမ်း​သာ​မ​ရွေး​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ကြွ တော်​မူ​၏။ မင်း​ကြီး​သည်​ထို​သူ​အ​ပေါင်း​တို့ အား ဗိ​မာန်​တော်​ထဲ​တွင်​တွေ့​ရှိ​ရ​သော​ပ​ဋိ ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​အ​သံ​ကျယ် စွာ​ဖတ်​ပြ​တော်​မူ​၏။- သူ​သည်​ဘု​ရင့်​ကျောက်​တိုင်​အ​နီး​တွင်​ရပ် လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​တ​ရား​တော် နှင့်​ပ​ညတ်​တော်​တို့​ကို ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​စောင့်​ထိန်း​ပါ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။