ဟေဇကိမင်းနန်းစံတစ်ဆယ့်လေးနှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာခရိပ်သည် ယုဒ ပြည်ရှိခံတပ်မြို့များကိုသိမ်းယူလေသည်။- ဟေဇကိသည်စေတမန်လွှတ်၍လာခိရှမြို့ရှိ သနာခရိပ်အား``အကျွန်ုပ်မှားပါပြီ။ အရှင်၏ တိုက်ခိုက်မှုကိုရပ်စဲတော်မူပါ။ အရှင်တောင်းဆို သမျှအကျွန်ုပ်ပေးပါမည်'' ဟုလျှောက်စေ၏။ ဧကရာဇ်ဘုရင်ကမိမိထံသို့ငွေဆယ်တန်နှင့် ရွှေတစ်တန်ပေးဆက်ရမည်ဖြစ်ကြောင်းပြန် ကြားလိုက်လေသည်။- ဟေဇကိသည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်၌ ရှိသမျှသောငွေကိုလည်းကောင်း၊- ဗိမာန်တော်တံခါးဝများနှင့် မိမိကိုယ်တိုင် မွမ်းမံချယ်လှယ်ထားသည့်တံခါးတိုင်များမှ ရွှေကိုလည်းကောင်းသနာခရိပ်အားပေး၏။- အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။- ထို့နောက်သူတို့သည်ဟေဇကိမင်းအားလူလွှတ် ၍ဖိတ်ခေါ်ကြ၏။ ထိုအခါဟေဇကိ၏နန်းတွင်း အရာရှိသုံးဦးတို့သည် ထိုသူတို့နှင့်တွေ့ဆုံရန် ထွက်လာကြ၏။ သူတို့ကားဟိလခိ၏သားနန်း တော်အုပ်ဧလျာကိမ်၊ နန်းတော်အတွင်းဝန်ရှေဗန နှင့် အာသပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။- အာရှုရိအမျိုးသားတစ်ဦးကသူတို့အား``အာ ရှုရိဘုရင်ကဟေဇကိမင်းအား`သင်သည်အဘယ် ကြောင့်မိမိကိုယ်ကို ဤမျှယုံကြည်ကိုးစားလျက် နေသနည်း။- စကားပြောရုံဖြင့်စစ်တိုက်ရန်စွမ်းရည်ရှိသည် ဟုထင်ပါသလော။ ငါ့ကိုပုန်ကန်ရန်သင့်အား အဘယ်သူကူညီလိမ့်မည်နည်း။- သင်သည်အီဂျစ်ပြည်၏အကူအညီကိုစောင့် စားလျက်နေ၏။ သို့သော်ထိုပြည်ကိုအားကိုး ခြင်းသည် ကူရိုးကိုတောင်ဝှေးအဖြစ်အသုံး ပြုခြင်းနှင့်တူပေသည်။ ထိုကူရိုးသည်ကျိုး၍ သင်၏လက်ကိုစူးလိမ့်မည်။ အီဂျစ်ဘုရင်ကား သူ့ကိုအားကိုးသူအဖို့ ထိုအရိုးနှင့်တူသည်' ဟုမိန့်တော်မူသည်'' ဟုပြော၏။ သူသည်ဆက်လက်၍``သင်က`ငါတို့သည် ငါတို့ ၏ဘုရားသခင်ထာဝရဘုရားကိုအားကိုး ပါသည်' ဟုပြောဆိုကြမည်လော။ မြင့်သော အရပ်ဌာနများနှင့်ယဇ်ပလ္လင်များကိုဟေဇကိ ဖျက်ဆီး၍ ယုဒပြည်သူတို့အားယေရုရှလင် မြို့ရှိယဇ်ပလ္လင်၌သာ ဝတ်ပြုကိုးကွယ်ကြရန် အမိန့်ထုတ်သည်မဟုတ်ပါလော။- ငါ၏သခင်ဧကရာဇ်ဘုရင်သည် သင်တို့နှင့် အလောင်းအစားပြုမည်။ သင်တို့သည်မြင်းစီး သူရဲနှစ်ထောင်ရအောင်ရှာနိုင်မည်ဆိုလျှင် သင် တို့အားမြင်းကောင်ရေနှစ်ထောင်ကိုငါပေးမည်။- သင်တို့သည်အာရှုရိတပ်မတော်တွင်အငယ်ဆုံး သောဗိုလ်ကိုပင်ယှဉ်ပြိုင်နိုင်မှုမရှိဘဲ အီဂျစ်အမျိုး သားတို့ထံမှစစ်ရထားနှင့်မြင်းစီးသူရဲအကူ အညီများကိုစောင့်မျှော်ကြပါသည်တကား။- ငါသည်ထာဝရဘုရား၏အကူအညီမပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက်ဆီးသည်ဟု သင် တို့ထင်မှတ်ကြပါသလော။ သင်တို့ပြည်ကိုတိုက် ခိုက်ဖျက်ဆီးရန် ထာဝရဘုရားကိုယ်တော်တိုင် ပင်ငါ့အားစေခိုင်းတော်မူ၏'' ဟုဆို၏။ ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာတို့ သည် ထိုအရာရှိအား``အရှင်၊ အာရမိဘာသာ စကားဖြင့်အကျွန်ုပ်တို့အားအမိန့်ရှိပါ။ ထို စကားကိုအကျွန်ုပ်တို့နားလည်ပါသည်။ ဟေဗြဲ ဘာသာစကားကိုမသုံးပါနှင့်။ မြို့ရိုးပေါ်ရှိ လူအပေါင်းတို့နားထောင်လျက်နေကြပါ သည်'' ဟုပြော၏။ ထိုသူက``ဧကရာဇ်ဘုရင်သည်သင်တို့နှင့်သင်တို့ ဘုရင်အား ဤစကားများကိုပြောကြားရန်ငါ့ အားစေလွှတ်တော်မူလိုက်သည်ဟုမထင်ကြနှင့်။ ငါသည်မြို့ရိုးပေါ်တွင်ထိုင်နေကြသူတို့အားလည်း ပြောကြားပါ၏။ သင်တို့နည်းတူသူတို့သည်လည်း မိမိတို့၏ကျင်ကြီးကျင်ငယ်ကိုပြန်၍စားသောက် ကြရလိမ့်မည်'' ဟုပြန်ပြော၏။ ထိုနောက်သူသည်ထ၍ ဟေဗြဲဘာသာစကား ဖြင့်``သင်တို့အားအာရှုရိဧကရာဇ်ဘုရင်မိန့် တော်မူသောစကားကိုနားထောင်ကြလော့။- သင်တို့အားဟေဇကိလှည့်စားသည်ကိုနားမ ယောင်ကြနှင့်။ ဟေဇကိသည်သင်တို့အားမကယ် နိုင်။- ထာဝရဘုရားကိုအားကိုးရန်သူ၏သွေး ဆောင်စကားကိုနားမထောင်ကြနှင့်။ ထာဝရ ဘုရားသည် သင်တို့အားကယ်တော်မူမည်ဟူ ၍လည်းကောင်း၊ အာရှုရိတပ်မတော်အား ဤ မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည်မဟုတ် ဟူ၍လည်းကောင်းမထင်မှတ်ကြနှင့်။- ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ မြို့ထဲ မှထွက်၍လက်နက်ချကြရန် သင်တို့အားအာရှုရိ ဧကရာဇ်ဘုရင်အမိန့်တော်ရှိ၏။ သင်တို့အား ဧကရာဇ်ဘုရင်သည်သင်တို့၏ပြည်နှင့်တူသည့် ပြည်၊ ဆန်စပါး၊ စပျစ်ရည်သစ်နှင့်ပြည့်စုံသော ပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်ရှိသောပြည်၊ သံလွင် ဆီနှင့်ပျားရည်ရှိသောပြည်သို့မပို့ဆောင်မီ အတောအတွင်း၌ သင်တို့သည်မိမိတို့၏ စပျစ်ပင်များနှင့်သင်္ဘောသဖန်းပင်များမှ အသီးများကိုစားကြ၍ မိမိတို့၏ရေတွင်း များမှရေကိုလည်းသောက်သုံးခွင့်ရလိမ့်မည်။ ဧကရာဇ်မင်းအမိန့်ရှိသည်အတိုင်းလိုက် နာပါလျှင် သင်တို့သည်သေရကြမည်မဟုတ်။ အသက်ရှင်ခွင့်ရရှိကြလိမ့်မည်။ ထာဝရ ဘုရားသည်ငါတို့ကိုကယ်ဆယ်တော်မူနိုင် သည်ဟု သင်တို့ထင်မှတ်စေရန်ဟေဇကိ လှည့်စားသည်ကိုနားမထောင်ကြနှင့်။- အခြားလူမျိုးတို့၏ဘုရားများသည်ထိုသူ တို့၏ပြည်များကို အာရှုရိဧကရာဇ်ဘုရင် ၏လက်မှကယ်ဆယ်ခဲ့ကြပါသလော။- ဟာမတ်ပြည်နှင့်အာပဒ်ပြည်တို့၏ဘုရား များသည် ယခုအဘယ်မှာရှိပါသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်နှင့်ဣဝါပြည် တို့၏ဘုရားများသည် အဘယ်မှာရှိပါ သနည်း။ သူတို့သည်ရှမာရိပြည်ကိုကယ် ခဲ့ကြပါသလော။- ထိုတိုင်းပြည်အပေါင်းတို့၏ဘုရားများအနက် အဘယ်မည်သောဘုရားသည် မိမိပြည်ကိုငါ တို့ဧကရာဇ်ဘုရင်၏လက်မှအဘယ်အခါ ကကယ်ခဲ့ဖူးပါသနည်း။ ယင်းသို့ဖြစ်ပါမူ ထာဝရဘုရားသည်လည်း ယေရုရှလင်မြို့ကို ကယ်တော်မူနိုင်သည်ဟု သင်တို့အဘယ်ကြောင့် ထင်မှတ်ကြပါသနည်း'' ဟုဆို၏။- ပြည်သူတို့သည်ဟေဇကိမင်းမှာကြားလိုက် သည်အတိုင်းဆိတ်ဆိတ်နေကြ၏။ စကားတစ် ခွန်းကိုမျှပြန်၍မပြောကြ။- ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာတို့ သည်ဝမ်းနည်းလျက် မိမိတို့အဝတ်များကို ဆုတ်ကာအာရှုရိအရာရှိ၏စကားကိုမင်း ကြီးထံပြန်ကြားလျှောက်ထားကြ၏။
၄ ရာ 18 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၄ ရာ 18:13-37
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ