YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကော 8:1-15

၂ ကော 8:1-15 BCL

ညီ​အစ်​ကို​တို့၊ မာ​ကေ​ဒေါ​နိ​ပြည်​ရှိ​အ​သင်း တော်​တို့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော် မူ​သော​ကျေး​ဇူး​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ငါ​ပြော​ပြ​လို​၏။- ထို​အ​သင်း​တော်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​များ​ကို အ​လူး​အ​လဲ​ခံ​ခဲ့​ရ​ကြ​၏။ သို့​သော်​လည်း လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​လျက်​ပင်​ရှိ​ရ​ကား သူ​တို့​သည်​အ​လွန်​ဆင်း​ရဲ​ကြ​သော်​လည်း ပေး​ကမ်း​စွန့်​ကြဲ​မှု​တွင်​အ​တိုင်း​ထက်​အ​လွန် ရက်​ရော​ကြ​၏။- ထို​အ​သင်း​တော်​တို့​သည်​တတ်​နိုင်​သ​မျှ မိ​မိ တို့​တွင်​စွမ်း​အား​ရှိ​သ​မျှ​ထက်​ပို​၍ အ​လို အ​လျောက်​ပေး​လှူ​ကြ​ကြောင်း​ကို​သင်​တို့ အား​ငါ​သက်​သေ​ခံ​နိုင်​၏။ သူ​တို့​သည်​ယု​ဒ ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​မှု​တွင်​ပါ​ဝင်​လို​ကြ​၏။ သို့ ဖြစ်​၍​ထို​သို့​ပါ​ဝင်​ခွင့်​ပြု​ရန် မိ​မိ​တို့ အ​လို​အ​လျောက်​ငါ​တို့​အား​တောင်း​ပန် ကြ​၏။- ဤ​သို့​ပြု​ခြင်း​သည်​ငါ​တို့​မျှော်​လင့်​သည် ထက်​ပို​ပေ​သည်။ သူ​တို့​သည်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ကို​သ​ခင်​ဘု​ရား​အား​ဆက် ကပ်​လှူ​ဒါန်း​ကြ​ပေ​သည်။ ထို​နောက်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ငါ​တို့​အား လည်း​မိ​မိ​တို့​ကိုယ်​ကို​လှူ​ဒါန်း​ကြ​၏။- သို့​ဖြစ်​၍​စ​တင်​တာ​ဝန်​ယူ​ခဲ့​သူ​တိ​တု​အား ဤ​အ​လှူ​ကိစ္စ​ပြီး​ဆုံး​အောင်​သင်​တို့​ကို​ကူ​ညီ ဆောင်​ရွက်​ပေး​ရန်​ငါ​သူ့​ကို​တိုက်​တွန်း​ခဲ့​၏။- သင်​တို့​သည်​ယုံ​ကြည်​ခြင်း၊ နှုတ်​သတ္တိ၊ ပ​ညာ ဉာဏ်၊ ကူ​ညီ​ရန်​စေ​တ​နာ၊ ငါ​တို့​အား​ချစ်​ခြင်း အ​စ​ရှိ​သည့်​ပါ​ရ​မီ​တို့​နှင့်​ပြည့်​စုံ​ကြွယ်​ဝ ကြ​၏။ သို့​ဖြစ်​၍​ဒါ​န​ပါ​ရ​မီ​နှင့်​လည်း ပြည့်​စုံ​ကြွယ်​ဝ​ကြောင်း​ကို​ပြ​သ​ကြ​လော့။ ဤ​ကား​အ​မိန့်​ပေး​ခြင်း​မ​ဟုတ်။ သူ​တစ်​ပါး တို့​၏​စေ​တ​နာ​ထက်​သန်​ကြ​ပုံ​ကို​သင်​တို့ အား​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​မေတ္တာ​အ​ဘယ် မျှ​စစ်​မှန်​သည်​ကို​သိ​ရှိ​နိုင်​ရန်​အ​တွက်​ဖြစ် ၏။- သင်​တို့​သည်​ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ခ​ရစ် ၏​ကျေး​ဇူး​တော်​ကို​သိ​ရှိ​ကြ​၏။ ကိုယ်​တော် သည်​ကြွယ်​ဝ​တော်​မူ​သော်​လည်း​သင်​တို့​၏ အ​ကျိုး​ငှာ​ဆင်း​ရဲ​ခံ​တော်​မူ​၏။ ဆင်း​ရဲ ခံ​တော်​မူ​ရ​ခြင်း​မှာ​သင်​တို့​ကြွယ်​ဝ​လာ စေ​ရန်​အ​တွက်​ဖြစ်​သ​တည်း။ ယ​မန်​နှစ်​က​သင်​တို့​အ​စ​ပြု​သည့်​အ​မှု​ကို ယ​ခု​အ​ဆုံး​သတ်​သင့်​ကြ​သည်​ဟု​ငါ​ထင် မြင်​၏။ သင်​တို့​သည်​စေ​တ​နာ​နှင့်​ပေး​လှူ​မှု ကို​အ​စ​ပြု​ခဲ့​ပေ​သည်။- သို့​ဖြစ်​၍​ထို​အ​မှု​ကို​ဆက်​လက်​ဆောင်​ရွက် ကာ​အ​ဆုံး​သတ်​ကြ​လော့။ သင်​တို့​သည်​ထို အ​မှု​ကို​ကြံ​စည်​ရာ​တွင်​စိတ်​အား​ထက်​သန် သ​ကဲ့​သို့ ဆောင်​ရွက်​ရာ​တွင်​လည်း​စိတ်​အား ထက်​သန်​ကြ​လော့။ သင်​တို့​တတ်​နိုင်​သ​မျှ ပေး​လှူ​ကြ​လော့။- သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။ သင်​တို့​အား​တာ​ဝန်​လေး​စေ​၍​သူ​တစ်​ပါး တို့​အား​သက်​သာ​စေ​ရန်​ငါ​အ​ကြံ​ပြု​နေ သည်​မ​ဟုတ်။ ညီ​တူ​ညီ​မျှ​ဖြစ်​စေ​ရန်​အ​ကြံ ပြု​ခြင်း​ဖြစ်​သည်။ ယ​ခု​အ​ခါ​သင်​တို့​၏ ချမ်း​သာ​မှု​သည်​ထို​သူ​တို့​၏​ချို့​တဲ့​မှု​ကို ဖြည့်​ဆည်း​ပေး​သ​ကဲ့​သို့ နောင်​တစ်​နေ့​၌ ထို​သူ​တို့​၏​ချမ်း​သာ​မှု​သည်​သင်​တို့​၏ ချို့​တဲ့​မှု​ကို​ဖြည့်​ဆည်း​ပေး​နိုင်​လိမ့်​မည်။- ကျမ်း​စာ​တော်​က ``များ​များ​ရ​သော​သူ မ​ပို၊ နည်း​နည်း​ရ​သော​သူ​မ​လို'' ဟု​ဖော်​ပြ သ​ကဲ့​သို့​ပင်​ဖြစ်​ပေ​သည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။