YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကော 5:16-21

၂ ကော 5:16-21 BCL

သို့​ဖြစ်​၍​ငါ​တို့​သည်​ယ​ခု​မှ​စ​၍​အ​ဘယ်​သူ ကို​မျှ​လူ​တို့​စံ​နှုန်း​အ​ရ​အ​ကဲ​မ​ဖြတ်​ကြ တော့​ပေ။ ယ​ခင်​အ​ခါ​က​ခ​ရစ်​တော်​အား​လူ တို့​စံ​နှုန်း​အ​ရ ငါ​တို့​အ​ကဲ​ဖြတ်​ခဲ့​ကြ​သော် လည်း​ယ​ခု​အ​ခါ​၌​ထို​သို့​မ​ပြု​တော့​ပြီ။- ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သူ​သည် သတ္တ​ဝါ​သစ်​ဖြစ်​၏။ သူ​သည်​ဘ​ဝ​ဟောင်း​ကို​စွန့် ၍​ဘ​ဝ​သစ်​သို့​ဝင်​စား​ပြီ။- ဤ​အ​မှု​ခပ်​သိမ်း​ကို​ဘု​ရား​သ​ခင်​ပြု​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ခ​ရစ်​တော်​အား​ဖြင့်​ပြောင်း​လဲ​စေ​တော်​မူ ပြီး​လျှင် အ​ခြား​သူ​တို့​သည်​လည်း​မိ​မိ​၏ မိတ်​ဆွေ​များ​ဖြစ်​လာ​စေ​ရန်​ဆောင်​ရွက်​သည့် တာ​ဝန်​ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​၏။- ငါ​တို့​ဟော​ပြော​သော​တ​ရား​မှာ​ဘု​ရား​သ​ခင် သည်​ခ​ရစ်​တော်​အား​ဖြင့်​လူ​သား​အ​ပေါင်း​တို့ အား မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​စေ​တော်​မူ​ခြင်း ဆိုင်​ရာ​တ​ရား​ဖြစ်​၏။ ကိုယ်​တော်​သည်​လူ​သား တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​မှတ်​ထား​တော် မ​မူ။ လူ​သား​တို့​အား​မိ​မိ​၏​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​ပေ​သည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​၏​သံ​တ​မန် အ​ဖြစ်​နှင့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​၏။ ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​မှ​တစ်​ဆင့် သင်​တို့​ကို​မေတ္တာ​ရပ်​သ​ကဲ့​သို့​သင်​တို့​အား မေတ္တာ​ရပ်​ခံ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ပြောင်း​လဲ​ကြ​ပါ​ဟူ​၍​ခ​ရစ်​တော်​၏ ကိုယ်​စား​ငါ​တို့​တောင်း​ပန်​၏။- ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။