ကွဲလွဲသည့်အယူဝါဒကိုဟောပြောသွန်သင် ၍ ငါတို့အရှင်ယေရှုခရစ်၏ဟုတ်မှန်သည့် စကားကိုလည်းကောင်း၊ ငါတို့ဘာသာတရား တော်ကိုလည်းကောင်းဝန်မခံသူသည်ကား၊- မာနကြီးလျက်အဘယ်အမှုအရာကို မျှမသိသူတည်း။ သူသည်စကားအသုံး အနှုန်းနှင့်စပ်လျဉ်း၍ ငြင်းခုံခြင်းဝါသနာ ထုံသောသူဖြစ်သည်။ ထိုအပြုအမူသည် မနာလိုမှု၊ အငြင်းပွားမှု၊ စော်ကားမှု၊ ဆိုးရွားသောမယုံသင်္ကာရှိမှု၊- အစဉ်မပြတ်အငြင်းပွားမှုတို့ကိုပေါ် ပေါက်စေ၏။ ဤအမှုများကိုပြုကျင့်တတ် သူတို့သည်ကား စိတ်မမှန်၍သမ္မာတရား ကိုမသိသူများဖြစ်ပေသည်။ ဘာသာရေး မှစီးပွားရေးအမြတ်အစွန်းရရှိသည် ဟုသူတို့ထင်မှတ်ကြ၏။ ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။- လောကထဲသို့လာစဉ်အခါကငါတို့သည် အဘယ်အရာကိုမျှယူဆောင်၍မလာခဲ့ ကြ။ လောကမှထွက်ခွာသွားကြသောအခါ ၌လည်းအဘယ်အရာကိုမျှယူ၍မသွား နိုင်။- သို့ဖြစ်၍ငါတို့တွင်စားစရာဝတ်စရာရှိ လျှင်ရောင့်ရဲကြကုန်အံ့။- ချမ်းသာကြွယ်ဝလိုသူတို့သည်အပြစ်သွေး ဆောင်ခြင်းကိုခံရကြ၏။ သူတို့သည်မိုက်မဲ ၍အကျိုးယုတ်စေတတ်သည့်စွဲလမ်းတပ်မက် မှုတို့ဖြင့်ကျော့မိကြ၏။ ထိုစွဲလမ်းတပ်မက်မှု များသည်သူတို့အားပျက်စီးဆုံးရှုံးစေ တတ်၏။- အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။ အို ဘုရားသခင်၏အစေခံ၊ သင်မူကား ထိုမကောင်းမှုအပေါင်းကိုရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းစသည့်ပါရမီများနှင့် ပြည့်ဝစေရန်ကြိုးစားအားထုတ်လော့။- ယုံကြည်ခြင်းဆိုင်ရာပြေးပွဲတွင်အစွမ်း ကုန်ပြေး၍ထာဝရအသက်တည်းဟူသော အောင်ဆုကိုသင်ရရှိစေရန် သင့်အားဘုရား သခင်ခေါ်ယူတော်မူသောအခါ၌ သင် သည်များစွာသောအသိသက်သေတို့ရှေ့ တွင်သင်၏ယုံကြည်ခြင်းကိုခိုင်မာစွာ ဝန်ခံခဲ့ပေသည်။
၁ တိ 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ တိ 6:3-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ