အို ဘုရားသခင်၏အစေခံ၊ သင်မူကား ထိုမကောင်းမှုအပေါင်းကိုရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းစသည့်ပါရမီများနှင့် ပြည့်ဝစေရန်ကြိုးစားအားထုတ်လော့။- ယုံကြည်ခြင်းဆိုင်ရာပြေးပွဲတွင်အစွမ်း ကုန်ပြေး၍ထာဝရအသက်တည်းဟူသော အောင်ဆုကိုသင်ရရှိစေရန် သင့်အားဘုရား သခင်ခေါ်ယူတော်မူသောအခါ၌ သင် သည်များစွာသောအသိသက်သေတို့ရှေ့ တွင်သင်၏ယုံကြည်ခြင်းကိုခိုင်မာစွာ ဝန်ခံခဲ့ပေသည်။- အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။- သင့်အားအပ်နှင်းထားသည့်တာဝန်ကို ဆောင်ရွက်လော့။ ငါတို့အရှင်ယေရှုခရစ် ကြွလာတော်မူသည်အထိဤအလုပ် တာဝန်ကိုသစ္စာနှင့်ထမ်းဆောင်လော့။- မင်္ဂလာရှိတော်မူသောတစ်ဆူတည်းသော အရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင် တကာတို့၏အရှင်ဘုရားသခင်သည် ကာလအချိန်ရောက်သောအခါကိုယ်တော် အားထင်ရှားပေါ်ထွန်းစေတော်မူလိမ့်မည်။- ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။
၁ တိ 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ တိ 6:11-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ