YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာ 16:8-13

၁ ရာ 16:8-13 BCL

ထို​နောက်​ယေ​ရှဲ​သည်​မိ​မိ​သား​အ​ဘိ​န​ဒပ် ကို​ရှ​မွေ​လ​ထံ​သို့​ခေါ်​ခဲ့​၏။ သို့​ရာ​တွင် ရှ​မွေ​လ​က``သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မ​မူ'' ဟု​ဆို​၏။- ယေ​ရှဲ​သည်​ရှိ​မာ​ကို​ခေါ်​လိုက်​၏။ ထို​အ​ခါ``ဤ သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မ​မူ'' ဟု​ရှ​မွေ​လ​ဆို​ပြန်​၏။- ဤ​နည်း​အား​ဖြင့်​ယေ​ရှဲ​သည်​မိ​မိ​၏​သား ခု​နစ်​ယောက်​အ​ထိ​ရှ​မွေ​လ​ထံ​သို့​ခေါ်​ပေး လေ​သည်။ ရှ​မွေ​လ​က​လည်း``ဤ​သူ​တို့​အ​ထဲ မှ​မည်​သူ့​ကို​မျှ​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မ​မူ'' ဟု​ဆို​ပြီး​လျှင်၊- ``သင့်​မှာ​အ​ခြား​သား​များ​ရှိ​ပါ​သေး​သ​လော'' ဟု​ယေ​ရှဲ​အား​မေး​၏။ ယေ​ရှဲ​က``သား​အ​ငယ်​ဆုံး​ရှိ​ပါ​သေး​သည်။ သူ​သည်​သိုး​များ​ကို​ကျောင်း​လျက်​နေ​ပါ​၏'' ဟု​ဆို​၏။ ရှ​မွေ​လ​က``သူ့​အား​ခေါ်​ခဲ့​လော့။ သူ​မ​ရောက် မ​ချင်း​ငါ​တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဝင်​ကြ မည်​မ​ဟုတ်'' ဟု​ပြော​၏။- သို့​ဖြစ်​၍​ယေ​ရှဲ​သည်​ထို​သား​ကို​ခေါ်​စေ​၏။ သူ​သည်​တင့်​တယ်​လှ​ပ၊ ကျန်း​မာ​သန်​စွမ်း​သော လူ​ငယ်​လူ​ရွယ်​တစ်​ဦး​ဖြစ်​၏။ သူ​၏​မျက်​စိ များ​သည်​တောက်​ပ​ကြည်​လင်​၏။ ထာ​ဝ​ရ ဘု​ရား​က​ရှ​မွေ​လ​အား``ငါ​ရွေး​ချယ်​သူ ကား​ဤ​သူ​ပေ​တည်း။ သူ့​အား​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။- ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။