YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာ 1:8-18

၁ ရာ 1:8-18 BCL

သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။ အ​ခါ​တစ်​ပါး​၌​သူ​တို့​သည်​ရှိ​လော​မြို့​ရှိ​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင် အ​စား​အ​စာ​စား​သောက် ကြ​ပြီး​သော​အ​ခါ ဟန္န​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​ထ​၍​ပြင်း​ပြ​စွာ​ငို​ယို​ကာ ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု လေ​၏။ (ထို​အ​ခါ​ဧ​လိ​သည်​တံ​ခါး​အ​နီး မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင်​လျက်​နေ သ​တည်း။-) ဟန္န​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျွန်​မ​ကို​ရှု​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​မ​၏​ဒုက္ခ​ကို​ရှု​မှတ်​တော် မူ​လျက်​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ မေ့ လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည် ကိုယ်​တော်​၏​ကျွန်​မ​အား​သား​ဆု​ကို​ပေး တော်​မူ​လျှင် သူ့​ကို​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​ကိုယ်​တော်​ရှင်​အား​ဆက်​ကပ်​ပူ​ဇော် ပါ​မည်။ သူ​၏​ဆံ​ပင်​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​မ​ဖြတ်​မ​ရိတ်​စေ​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​လေ​၏။ ဟန္န​သည်​အ​ချိန်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။ ဧ​လိ​သည်​သူ​၏​နှုတ် ကို​ကြည့်​ရှု​လျက်​နေ​၏။- ဟန္န​သည်​ဆိတ်​ဆိတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​နေ သ​ဖြင့် သူ​၏​နှုတ်​ခမ်း​တို့​သည်​လှုပ်​ရှား​လျက်​ရှိ သော်​လည်း​အ​သံ​ကား​မ​ထွက်။ သို့​ဖြစ်​၍​သူ့ အား​အ​ရက်​မူး​သည်​ဟု​ထင်​မှတ်​သ​ဖြင့်၊- ဧ​လိ​က``သင်​သည်​အ​ဘယ်​မျှ​ကြာ​အ​ရက်​မူး လျက်​နေ​ပါ​သ​နည်း။ အ​ရက်​ကို​ကြဉ်​ရှောင် လော့'' ဟု​ဆို​၏။ ဟန္န​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရက်​မ​မူး​ပါ။ အ​ရက်​မ​သောက်​ပါ။ ကျွန်​မ​သည်​အ​လွန်​ပင် စိတ်​ပျက်​၍ မိ​မိ​၏​ဆင်း​ရဲ​ဒုက္ခ​ကို​ရင်​ဖွင့်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း​ပတ္ထ​နာ ပြု​လျက်​နေ​ခဲ့​ပါ​၏။- ကျွန်​မ​အား​တန်​ဖိုး​မ​ရှိ​သည့်​မိန်း​မ​ဟု​မ​ထင် မှတ်​ပါ​နှင့်။ ကျွန်​မ​သည်​အ​လွန်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​သ​ဖြင့် ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ ခြင်း​ဖြစ်​ပါ​၏'' ဟု​ပြန်​၍​လျှောက်​၏။ ဧ​လိ​က``စိတ်​ချမ်း​သာ​စွာ​သွား​ပါ​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တောင်း​လျှောက်​သည်​အ​တိုင်း​ပေး​သနား​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။ ဟန္န​က​လည်း``ကျွန်​မ​သည်​အ​ရှင်​ပေး​သည့်​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ ထို​နောက်​သူ​သည်​စိတ်​သက်​သာ​မှု​ရ​လျက်​ထွက် ခွာ​သွား​ပြီး​လျှင် အ​စား​အ​စာ​အ​နည်း​ငယ်​ကို စား​လေ​၏။

​၁ ရာ 1:8-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။