ချစ်ဆွေတို့၊ သင်တို့၏ယုံကြည်ခြင်းကိုစစ် ဆေးရန်အတွက် ယခုသင်တို့ပြင်းပြစွာစုံစမ်း နှောင့်ယှက်ခြင်းကိုခံနေရကြသည်ကိုမအံ့ သြကြနှင့်။ ထိုအမှုအရာများသည်သင်တို့ အတွက်မထူးဆန်းပေ။- အံ့သြနေမည့်အစားသင်တို့သည်ခရစ်တော် ၏ဝေဒနာတော်များကိုကိုယ်တော်နှင့်အတူ ပါဝင်ခံစားရကြသဖြင့်ဝမ်းမြောက်ကြ လော့။ သို့မှသာကိုယ်တော်၏ဘုန်းအသရေ တော်ပေါ်လွင်ထင်ရှားသောအခါသင်တို့သည် အလွန်ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။- သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။- သင်တို့တွင်မည်သူတစ်စုံတစ်ယောက်မျှလူသတ် မှု၊ ခိုးမှု၊ ရာဇဝတ်မှုသို့မဟုတ်သူတစ်ပါး၏ ကိစ္စတွင်ဝင်ရောက်စွက်ဖက်မှုဖြင့်ပြစ်ဒဏ်မခံ ရစေနှင့်။- သို့ရာတွင်ခရစ်ယာန်ဖြစ်သောကြောင့်ပြစ် ဒဏ်ခံရပါမူကားရှက်စရာအကြောင်းမရှိ။ ခရစ်တော်၏နာမကြောင့်ခံရလျှင်ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်း၏။
၁ ပေ 4 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ပေ 4:12-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ