သို့ဖြစ်၍ထာဝရဘုရားသခင်၏ထံတော် သို့လာကြလော့။ ထိုသခင်သည်သက်ရှိကျောက် ဖြစ်တော်မူ၏။ ထိုကျောက်သည်အဖိုးမတန် ဟုဆို၍ လူတို့ပစ်ပယ်ခံရသော်လည်းဘုရား သခင်၏ရွေးချယ်ခံအဖိုးတန်ကျောက်ဖြစ် တော်မူ၏။- သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။- အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ငါသည်အဖိုးတန်ကျောက်တစ်လုံးကို ရွေးချယ်၍၊ ဇိအုန်တောင်ပေါ်မှာထောင့်ချုပ်ကျောက်အဖြစ် ချထား၏။ မည်သူမဆိုထိုအရှင်ကိုယုံကြည်လျှင် စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဖော်ပြပါရှိသောကြောင့်ဖြစ်၏။ ယုံကြည်သူတို့အဖို့ထိုကျောက်သည်တန်ဖိုး ရှိ၏။ မယုံကြည်သူတို့အဖို့မှာ၊ ``တိုက်တည်ဆောက်သူတို့ပယ်ထားသော ကျောက်သည် အရေးကြီးသောထောင့်ကျောက်ဖြစ်လာရ၏'' ဟုဖော်ပြ၏။ အခြားကျမ်းတစ်ပုဒ်တွင်၊ ``ထိုကျောက်သည်လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏'' ဟုဖော်ပြပါရှိ၏။ သူတို့သည်နှုတ်ကပတ်တော် ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။
၁ ပေ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ပေ 2:4-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ