YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ရာ 15:16-24

၃ ရာ 15:16-24 BCL

ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက်​လုံး​၌​စစ် ဖြစ်​လျက်​နေ​ကြ​လေ​သည်။- ဗာ​ရှာ​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး လျှင် ယု​ဒ​ပြည်​သို့​အ​ဝင်​အ​ထွက်​လမ်း​ကို​ပိတ် စေ​ရန်​ရာ​မ​မြို့​ကို​တံ​တိုင်း​ကာ​၍​ထား​၏။- ထို့​ကြောင့်​အာ​သ​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း တော်​တွင်​ကျန်​ရှိ​နေ​သေး​သော ရွှေ၊ ငွေ​ရှိ​သ​မျှ​ကို မှူး​မတ်​အ​ချို့​တို့​လက်​ဖြင့်​ဒ​မာ​သက်​မြို့​ရှိ ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ယူ​ဆောင်​သွား​စေ တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ကား​ရေ​ဇုန်​၏​မြေး၊ တာ​ဗ​ရိ မုန်​၏​သား​ဖြစ်​သ​တည်း။- အာ​သ​သည်​သူ​၏​ထံ​သို့``အ​ကျွန်ုပ်​တို့​သည်​ကျွန်ုပ် တို့​၏​ခ​မည်း​တော်​များ​ကဲ့​သို့​မ​ဟာ​မိတ်​ဖွဲ့​ကြ ကုန်​အံ့။ ဤ​ရွှေ၊ ငွေ​များ​မှာ​အ​ဆွေ​တော်​အ​တွက် လက်​ဆောင်​ဖြစ်​ပါ​၏။ ဗာ​ရှာ​မင်း​သည်​မိမိ​၏​စစ်​တပ် များ​ကို​ကျွန်ုပ်​၏​နယ်​မြေ​မှ​ရုပ်​သိမ်း​သွား​စေ​ရန် အ​ဆွေ​တော်​သည်​သူ​နှင့်​မ​ဟာ​မိတ်​ဖွဲ့​မှု​ကို​ဖျက် သိမ်း​ပစ်​ပါ​လော့'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။ ဗင်္ဟာ​ဒဒ်​မင်း​သည် အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​၏​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣသ​ရေ​လ မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည် န​ဿ​လိ​နယ်​မြေ​တစ်​ခု​လုံး​အ​ပြင်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​နှင့်​ဂင်္နေ​သ​ရက် နယ်​တို့​ကို​သိမ်း​ဆည်း​ကြ​၏။- ဤ​သ​တင်း​ကို​ကြား​သော​အ​ခါ​ဗာ​ရှာ​မင်း သည်​ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​ကို​ရပ်​စဲ​၍ တိ​ရ​ဇ​မြို့​သို့​ထွက်​ခွာ​သွား​တော်​မူ​၏။ ထို​အ​ခါ​အာ​သ​မင်း​သည် ယု​ဒ​ပြည်​တစ်​လျှောက် လုံး​သို့​အ​မိန့်​ထုတ်​ပြန်​တော်​မူ​ပြီး​လျှင် ပြည်​သူ အ​ပေါင်း​တို့​အား​တစ်​ယောက်​မ​ကျန်​ရာ​မ​မြို့ တံ​တိုင်း​တည်​ဆောက်​ရန်​အ​တွက် ဗာ​ရှာ​မင်း​အ​သုံး ပြု​လျက်​နေ​ခဲ့​သည့်​ကျောက်​တုံး​များ​နှင့်​သစ် သား​များ​ကို​ဝိုင်း​ဝန်း​သယ်​ဆောင်​စေ​တော်​မူ​၏။ ထို​ပစ္စည်း​များ​ဖြင့်​အာ​သ​သည် မိ​ဇ​ပါ​မြို့​နှင့် ဗင်္ယာ​မိန်​နယ်​တွင်​ရှိ​သော​ဂေ​ဘ​မြို့​ကို​တံ​တိုင်း ကာ​ရံ​တော်​မူ​၏။ အာ​သ​မင်း​ဆောင်​ရွက်​တော်​မူ​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​သူ​၏​စွန့်​စား​ခန်း​များ၊ မြို့​များ​ကို​တံ​တိုင်း​ကာ​ရံ​ပုံ​အ​ကြောင်း​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။ သူ​သည် အို​မင်း​ချိန်​တွင်​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊- ကွယ်​လွန်​သော်​သူ့​ကို​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​ယေ​ဟော​ရှ​ဖတ် သည်​ခ​မည်း​တော်​၏​အရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။