YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကော 4:14-21

၁ ကော 4:14-21 BCL

ဤ​သို့​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ​သင်​တို့​အား အ​ရှက်​ခွဲ​လို​၍​မ​ဟုတ်။ ငါ​ချစ်​သော​သား​သ​မီး များ​အ​နေ​ဖြင့်​သင်​တို့​အား​သွန်​သင်​လို​၍ ဖြစ်​၏။- သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။- ထို့​ကြောင့်​ငါ​၏​စံ​န​မူ​နာ​ကို​လိုက်​ကြ​ရန်​ငါ မေတ္တာ​ရပ်​ခံ​ပါ​၏။- ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ​မည်။ သူ​သည် ခ​ရစ်​ယာန်​သက်​တမ်း​၌ ငါ​ချစ်​မြတ်​နိုး​၍​သစ္စာ ရှိ​သော​သား​ဖြစ်​ပါ​၏။ သူ​သည်​ငါ​လိုက်​လျှောက် ကျင့်​သုံး​သော​အ​ရပ်​ရပ်​ရှိ​အ​သင်း​တော် အ​ပေါင်း​တို့​အား ငါ​ဟော​ပြော​သွန်​သင်​ခဲ့​သော၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော ဘ​ဝ​သစ်​လမ်း​စဉ်​ကို သင်​တို့​အား​ပြန်​လည် သ​တိ​ရ​စေ​ပါ​လိမ့်​မည်။ သင်​တို့​ထံ​သို့​ငါ​လာ​ရောက်​တော့​မည်​မ​ဟုတ် ဟု​ထင်​မှတ်​ကာ သင်​တို့​အ​နက်​အ​ချို့​သော သူ​တို့​သည်​မာန​ထောင်​လွှား​လျက်​ရှိ​ကြ​၏။- သို့​ရာ​တွင်​သ​ခင်​ဘု​ရား​အ​လို​တော်​ရှိ​ပါ​မူ ငါ​သည်​သင်​တို့​ထံ​သို့​မ​ကြာ​မီ​လာ​ခဲ့​ပါ မည်။ ထို​အ​ခါ​ယင်း​သို့​မာန်​မာ​န​ထောင်​လွှား သူ​တို့​၏​နှုတ်​သတ္တိ​ကို​သာ​မ​က သူ​တို့​၏ တန်​ခိုး​စွမ်း​ရည်​ကို​လည်း​ငါ​ကိုယ်​တိုင်​သိ​ရ လိမ့်​မည်။- ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​စ​ကား အား​ဖြင့်​မ​တည်။ တန်​ခိုး​၌​တည်​၏။- ငါ​သည်​ကြိမ်​လုံး​ကို​ကိုင်​၍​သင်​တို့​ထံ​သို့ လာ​ရ​မည်​လော။ သို့​တည်း​မ​ဟုတ်​မေတ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့်​လည်း ကောင်း​လာ​ရ​မည်​လော။ သင်​တို့​အ​ဘယ်​သို့ အ​လို​ရှိ​ကြ​သ​နည်း။