YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇေဖနိ 3:14-20

ဇေဖနိ 3:14-20 JBMLE

အို ဇိ​အုန်​သ​တို့​သ​မီး၊ သီ​ချင်း​ဆို​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ကြွေး​ကြော်​လော့။ အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ဝမ်း​မြောက်​ရွှင်​လန်း​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပြစ်​ဒဏ်​တို့​ကို ပ​ပျောက်​စေ၍၊ သင်၏​ရန်​သူ​တို့​ကို ပယ်​ရှား​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌ ရှိ​တော်​မူ၏။ သင်​သည် နောက်​တစ်​ဖန် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​မ​ကြုံ​ရ။ မ​စိုး​ရိမ်​ပါ​နှင့်​ဟု၊ ယေ​ရု​ရှ​လင်​မြို့​အား​လည်း​ကောင်း၊ လက်​အား မ​လျှော့​စေ​နှင့်​ဟု၊ ဇိ​အုန်​တောင်​အား​လည်း​ကောင်း ထို​အ​ခါ ဆို​ရ၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌​ရှိ၍၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သည် သင့်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ သင်၌ အား​ရ၍ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ ချစ်​ခြင်း​မေ​တ္တာ၌ ကျိန်း​ဝပ်၍၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ သင်၌ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ ကဲ့​ရဲ့​ခြင်း​ဝန်​ကို သင်​ထမ်း​ရာ​အ​ကြောင်း​တည်း​ဟူ​သော၊ သင်​နှင့်​ဝေး၍ ဓ​မ္မ​ပွဲ​ကို မ​ခံ​ရ​ဘဲ ညှိုး​ငယ်​လျက်​ရှိ​သော သူ​တို့​ကို ငါ​စု​ဝေး​စေ​မည်။ သင့်​ကို ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့​ကို ထို​အ​ခါ ငါ​စီ​ရင်​မည်။ နာ​သော​သူ​ကို ချမ်း​သာ​ပေး​မည်။ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​သူ​ကို သင်း​ဖွဲ့​စေ​မည်။ အ​ရှက်​ကွဲ​ခြင်း​ကို​ခံ​ရ​ရာ ပြည်​အ​ရပ်​ရပ်​တို့၌ ချီး​မွမ်း​ခြင်း ဂုဏ်​အ​သ​ရေ​ကို ပေး​မည်။ ထို​ကာ​လ၌ သင်​တို့​ကို တစ်​ဖန် ငါ​ဆောင်​ခဲ့၍ စု​ဝေး​စေ​သ​ဖြင့်၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို သင်​တို့​မျက်​မှောက်၌ တစ်​ဖန် ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ မြေ​ကြီး​သား​အ​မျိုး​မျိုး​တို့​တွင် ချီး​မွမ်း​ခြင်း​ဂုဏ်​အ​သ​ရေ​ကို သင်​တို့​အား​ပေး​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဇေ​ဖ​နိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။