YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 2:1-8

တိတု 2:1-8 JBMLE

သင်​မူ​ကား၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ထိုက်​တန်​သ​မျှ​တို့​ကို ဟော​ပြော​လော့။- အ​သက်​ကြီး​ရင့်​သော ယောက်ျား​တို့​သည် သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ တည်​ကြည်​သော​သူ၊ ဣ​န္ဒြေ​စောင့် သော​သူ၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၌ စိတ်​သန်​သော​သူ ဖြစ်​ရ​ကြ​မည်​အ​ကြောင်း၊- ထို​နည်း​တူ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ကျင့်​ကြံ​ပြု​မူ​ရာ​မှာ ဓ​မ္မ​အ​မှု​နှင့် ထိုက်​တန်​သော​သူ၊ မ​ချော​စား​တတ်​သော​သူ၊ စ​ပျစ်​ရည်၌ မ​လွန်​ကြူး​တတ်​သော​သူ၊ ကောင်း​သော​အ​တတ်​ကို သင်​ပေး​တတ်​သော​သူ ကိုယ်​တိုင်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကဲ့​ရဲ့​ခြင်း​နှင့် ကင်း​လွတ်​စိမ့်​သော​ငှာ၊ အ​သက်​ပျို​သော မိန်း​မ​တို့​သည် ကိုယ်​ခင်​ပွန်း​ကို ချစ်​သော​သူ၊ သား​သ​မီး​ကို ချစ်​သော​သူ၊- ဣ​န္ဒြေ​စောင့်​သော​သူ၊ စင်​ကြယ်​သော​သူ၊ မိ​မိ​အိမ်​ကို​ပြု​စု​သော​သူ၊ ကောင်း​မွန်​သော​သူ၊ ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​သော​သူ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ဆုံး​မ​ပေး​ရ​ကြ​မည်​အ​ကြောင်း၊- ထို​နည်း​တူ၊ အ​သက်​ပျို​သော​ယောက်ျား​တို့​သည်​လည်း၊ ဣ​န္ဒြေ​စောင့်​ရ​ကြ​မည်​အ​ကြောင်း တိုက်​တွန်း သွေး​ဆောင်​လော့။ အ​ရာ​ရာ၌ ကောင်း​သော​အ​ကျင့်​တို့၏ ပုံ​သက်​သေ​ကို ကိုယ်​တိုင်​ပြ​လော့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​အ​ခါ၊ မိ​စ္ဆာ​ဒိ​ဋ္ဌိ​နှင့်​ကင်း​ခြင်း၊ တည်​ကြည်​ခြင်း၊- အ​ပြစ်​တင်​ဖွယ်​မ​ရှိ၊ စင်​ကြယ်​သော​တ​ရား​စ​ကား​ကို ဟော​ပြော​ခြင်း​တို့​ကို ပြု​လော့။ သို့​ဖြစ်၍၊ တစ်​ဖက်၌ နေ​သော​သူ​သည်၊ ငါ​တို့​ကို ကဲ့​ရဲ့​စ​ရာ​အ​ခွင့် မ​ရ​နိုင်​သော​ကြောင့်၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။