YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 7:6-13

သီချင်း 7:6-13 JBMLE

ငါ​ချစ်​သော​နှ​မ၊ ငါ​ပျော်​မွေ့​ဖို့​ရာ သင်​သည် အ​လွန်​လှ​ပေ၏။ အ​လွန်​ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​ပေ၏။ သင်၏​အ​ရပ်​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့​ဖြစ်၍၊ သင်၏​ရင်​သား​တို့​လည်း စွန်​ပ​လွံ​သီး​ပြွတ်​နှင့် တူ​ကြ၏။ စွန်​ပ​လွံ​ပင်​ကို ငါ​တက်​မည်၊ အ​ကိုင်း​အ​ခက်​တို့​ကို ကိုင်​မည်​ဟု ငါ​ဆို​သော်၊ တစ်​ဖန် သင်၏​ရင်​သား​တို့​သည် စ​ပျစ်​သီး​ပြွတ်​ကဲ့​သို့​လည်း​ကောင်း၊ သင်​ရှူ​သော​အ​သက်​အ​နံ့​သည် ရှောက်​ချို​သီး​အ​နံ့​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​နှုတ်​သည်​လည်း အ​ကောင်း​ဆုံး​သော စ​ပျစ်​ရည်​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ ထို​စ​ပျစ်​ရည်​သည် ငါ​ချစ်​ရာ​သ​ခင်​အ​ဖို့ ဖြောင့်​စွာ​စီး​တတ်​ပါ၏။ အိပ်​ပျော်​သော​သူ​တို့၏​နှုတ်​ခမ်း​သို့ အ​မှတ်​တ​မဲ့​ရောက်​တတ်​ပါ၏။ ငါ​ချစ်​ရာ​သ​ခင်​သည် ငါ့​ကို ဆိုင်​တော်​မူ၏။ ငါ့​အ​လို​သို့​လည်း လိုက်​တော်​မူ​တတ်၏။ ကြွ​လာ​တော်​မူ​ပါ၊ ငါ​ချစ်​ရာ​သ​ခင်။ ကြွ​လာ​တော်​မူ​ပါ။ တော​အ​ရပ်​သို့​ထွက်​သွား၍ ရွာ​တို့၌ ည​ကို လွန်​စေ​ကြ​ကုန်​အံ့။ နံ​နက်​စော​စော​ထ၍ စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ​ကုန်​အံ့။ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ အ​ပွင့်​များ​သည် မ​များ​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း၊ ကြည့်​ရှု​ကြ​ကုန်​အံ့၊ ထို​အ​ရပ်၌ ကျွန်​မ၏​မေ​တ္တာ​ကို ကိုယ်​တော်၌ အပ်​ပေး​ပါ​မည်။ အ​နု​ဆေး​ပင်​တို့​သည် မွှေး​ကြိုင်​ကြ​ပါ၏။ ငါ​တို့​တံ​ခါး​နား​မှာ ချို​သော​အ​သီး​မျိုး အ​သစ်​အ​ဟောင်း​တို့​ကို ကိုယ်​တော်​ဖို့ ကျွန်​မ​သို​ထား​ပါ​ပြီ၊ ငါ​ချစ်​ရာ​သ​ခင်။