ငါချစ်သောနှမ၊ ငါပျော်မွေ့ဖို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဖွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။ သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့် တူကြ၏။ စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက်တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တစ်ဖန် သင်၏ရင်သားတို့သည် စပျစ်သီးပြွတ်ကဲ့သို့လည်းကောင်း၊ သင်ရှူသောအသက်အနံ့သည် ရှောက်ချိုသီးအနံ့ကဲ့သို့လည်းကောင်း၊ သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့လည်းကောင်း ဖြစ်၏။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဖို့ ဖြောင့်စွာစီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏နှုတ်ခမ်းသို့ အမှတ်တမဲ့ရောက်တတ်ပါ၏။ ငါချစ်ရာသခင်သည် ငါ့ကို ဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော်မူတတ်၏။ ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော်မူပါ။ တောအရပ်သို့ထွက်သွား၍ ရွာတို့၌ ညကို လွန်စေကြကုန်အံ့။ နံနက်စောစောထ၍ စပျစ်ဥယျာဉ်သို့ သွားကြကုန်အံ့။ စပျစ်နွယ်ပင် သန်သည် မသန်သည်ကိုလည်းကောင်း၊ အပွင့်များသည် မများသည်ကိုလည်းကောင်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကိုလည်းကောင်း၊ ကြည့်ရှုကြကုန်အံ့၊ ထိုအရပ်၌ ကျွန်မ၏မေတ္တာကို ကိုယ်တော်၌ အပ်ပေးပါမည်။
သီချင်း 7 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သီချင်း 7:6-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ