YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 7

7
ချီး​မွမ်း​ခန်း
1အို​မင်း​သ​မီး၊ ခြေ​နင်း​စီး​လျက်၊ သင်၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​ပါ၏။ သင်၏​ခါး​ဆစ်​တို့​သည် လိ​မ္မာ​သော​သူ ပြု​ပြင်​သော ကျောက်​ကောင်း​ရ​တ​နာ​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။ 2သင်၏​ခါး​သည် အ​ရည်​နှင့်​ပြည့်​သော ဖ​လား​လုံး​ဖြစ်​ပါ၏။ ဝမ်း​သည်​လည်း နှင်း​ပန်း​စီ​ချယ်​သော စ​ပါး​ပုံ​ဖြစ်​ပါ၏။ 3သင်၏​ရင်​သား​နှစ်​ဖက်​တို့​သည် ဒ​ရယ်​သ​ငယ်​အ​မွှာ​နှင့် တူ​ကြ​ပါ၏။ 4လည်​ပင်း​သည် ဆင်​စွယ်​ရဲ​တိုက်​ကဲ့​သို့​လည်း​ကောင်း၊ မျက်​စိ​တို့​သည် ဟေ​ရှ​ဘုန်​မြို့၊ ဗာ​သ​ရ​ဗ္ဗိမ်​တံ​ခါး​နား​မှာ ရှိ​သော ရေ​ကန်​ကဲ့​သို့​လည်း​ကောင်း၊ နှာ​ခေါင်း​သည် ဒ​မာ​သက်​မြို့​သို့ မျက်​နှာ​ပြု​သော လေ​ဗ​နုန်​ရဲ​တိုက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။ 5သင်၏​ဦး​ခေါင်း​သည် က​ရ​မေ​လ​တောင်​နှင့် တူ၍၊ ဆံ​ပင်​သည်​လည်း နီ​မောင်း​သော တန်​ဆာ​ဆင်​ပါ၏။ မင်း​ကြီး​သည် ကျစ်​သော​ဆံ​ပင်​နှင့် နှောင်​ဖွဲ့​လျက်​ရှိ​တော်​မူ၏။
6ငါ​ချစ်​သော​နှ​မ၊ ငါ​ပျော်​မွေ့​ဖို့​ရာ သင်​သည် အ​လွန်​လှ​ပေ၏။ အ​လွန်​ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​ပေ၏။ 7သင်၏​အ​ရပ်​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့​ဖြစ်၍၊ သင်၏​ရင်​သား​တို့​လည်း စွန်​ပ​လွံ​သီး​ပြွတ်​နှင့် တူ​ကြ၏။ 8စွန်​ပ​လွံ​ပင်​ကို ငါ​တက်​မည်၊ အ​ကိုင်း​အ​ခက်​တို့​ကို ကိုင်​မည်​ဟု ငါ​ဆို​သော်၊ တစ်​ဖန် သင်၏​ရင်​သား​တို့​သည် စ​ပျစ်​သီး​ပြွတ်​ကဲ့​သို့​လည်း​ကောင်း၊ သင်​ရှူ​သော​အ​သက်​အ​နံ့​သည် ရှောက်​ချို​သီး​အ​နံ့​ကဲ့​သို့​လည်း​ကောင်း၊ 9သင်၏​နှုတ်​သည်​လည်း အ​ကောင်း​ဆုံး​သော စ​ပျစ်​ရည်​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။
ထို​စ​ပျစ်​ရည်​သည် ငါ​ချစ်​ရာ​သ​ခင်​အ​ဖို့ ဖြောင့်​စွာ​စီး​တတ်​ပါ၏။ အိပ်​ပျော်​သော​သူ​တို့၏​နှုတ်​ခမ်း​သို့ အ​မှတ်​တ​မဲ့​ရောက်​တတ်​ပါ၏။ 10ငါ​ချစ်​ရာ​သ​ခင်​သည် ငါ့​ကို ဆိုင်​တော်​မူ၏။ ငါ့​အ​လို​သို့​လည်း လိုက်​တော်​မူ​တတ်၏။
11ကြွ​လာ​တော်​မူ​ပါ၊ ငါ​ချစ်​ရာ​သ​ခင်။ ကြွ​လာ​တော်​မူ​ပါ။ တော​အ​ရပ်​သို့​ထွက်​သွား၍ ရွာ​တို့၌ ည​ကို လွန်​စေ​ကြ​ကုန်​အံ့။ 12နံ​နက်​စော​စော​ထ၍ စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ​ကုန်​အံ့။ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ အ​ပွင့်​များ​သည် မ​များ​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း၊ ကြည့်​ရှု​ကြ​ကုန်​အံ့၊ ထို​အ​ရပ်၌ ကျွန်​မ၏​မေ​တ္တာ​ကို ကိုယ်​တော်၌ အပ်​ပေး​ပါ​မည်။ 13အ​နု​ဆေး​ပင်​တို့​သည် မွှေး​ကြိုင်​ကြ​ပါ၏။ ငါ​တို့​တံ​ခါး​နား​မှာ ချို​သော​အ​သီး​မျိုး အ​သစ်​အ​ဟောင်း​တို့​ကို ကိုယ်​တော်​ဖို့ ကျွန်​မ​သို​ထား​ပါ​ပြီ၊ ငါ​ချစ်​ရာ​သ​ခင်။

လက်ရှိရွေးချယ်ထားမှု

သီချင်း 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ