YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 6

6
1မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် သင်​နှင့်​အ​တူ သူ့​ကို​ရှာ​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ လွှဲ​သွား​တော်​မူ​သည်​ကို ပြော​ပါ။
2ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်၌ သစ်​သီး​ကို စား၍၊ နှင်း​ပွင့်​ကို ဆွတ်​ယူ​မည်​ဟု၊ ဥ​ယျာဉ်​တော်​တွင် နံ့​သာ​တော​သို့ ဆင်း​သွား​တော်​မူ​ပေ၏။ 3ငါ​ချစ်​ရာ​သ​ခင်​သည် ငါ့​ကို​ဆိုင်​တော်​မူ၏။ ငါ​သည်​လည်း သ​ခင်​ကို ဆိုင်​ပေ၏။ နှင်း​တော၌ ကျက်​စား​တော်​မူ၏။
တု​နှိုင်း​မ​ရ​သော​အ​လှ
4ငါ​ချစ်​သော​နှ​မ၊ သင်​သည် တိ​ရ​ဇ​မြို့​ကဲ့​သို့ လှ၏။ ယေ​ရု​ရှ​လင်​မြို့​ကဲ့​သို့ တင့်​တယ်၏။ စစ်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ် ဖြစ်၏။ 5သင်၏​မျက်​စိ​တို့​ကို ငါ​မှ​လွှဲ​ပါ။ သူ​တို့​သည် ငါ့​ကို​အောင်​ပြီ။ သင်၏​ဆံ​ပင်​သည်​လည်း၊ ဂိ​လဒ်​တော်​ပေါ်​မှ ဆင်း​လာ​သော ဆိတ်​စု​ကဲ့​သို့​ဖြစ်၏။ 6သင်၏​သွား​တို့​သည်​လည်း၊ ရေ​ချိုး​ရာ​မှ​တက်​လာ​သော သိုး​စု​ကဲ့​သို့​ဖြစ်​ကြ၏။ တစ်​ကောင်​မျှ မ​လျော့၊ အ​မွှာ​သာ ဖွား​တတ်​ကြ၏။ 7နား​ပန်း​ဆံ​ကြား​မှာ ပါး​တို့​သည် သ​လဲ​သီး​ရှက်​နှင့် တူ​ကြ၏။ 8မိ​ဖု​ရား​ခြောက်​ကျိပ်၊ မောင်း​မ​မိဿံ​ရှစ်​ကျိပ်၊ အ​ပျို​တော်​အ​တိုင်း​မ​သိ ရှိ​ကြ၏။ 9ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ​သည် ငါ၌​တစ်​ပါး​တည်း​ရှိ၏။ ဖွား​မြင်​သော​မိ​ခင်၌ အ​ချစ်​ဆုံး​သော​သ​မီး​ဖြစ်၏။ လူ​မျိုး​သ​မီး​တို့​သည် သူ့​ကို​မြင်၍ ကောင်း​ချီး​ပေး​ကြ၏။ မိ​ဖု​ရား​များ​နှင့် မောင်း​မ​မိဿံ​များ​တို့​သည် ချီး​မွမ်း​ကြ၏။
10လ​ကဲ့​သို့ တင့်​တယ်​လျက်၊ နေ​ကဲ့​သို့ ထွန်း​လင်း​လျက်၊ စစ်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​ဖြစ်​လျက်၊ နံ​နက်​ကဲ့​သို့ မျှော်​ရှု​သော​သ​တို့​သ​မီး​ကား၊ အ​ဘယ်​သူ​နည်း။
11ချိုင့်​ထဲ​မှာ သစ်​သီး​များ​ကို ကြည့်​ရှု၍၊ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ၊ ငါ​ပြု​စု​သော ဥ​ယျာဉ်​သို့ ငါ​ဆင်း​သွား၏။ 12သ​တိ​မ​ရ​မီ ငါ့​ဝိ​ညာဉ်​သည် အ​မိ​န​ဒိပ်​ရ​ထား​ကို စီး​သ​ကဲ့​သို့ ဖြစ်၏။
13အို​ရှု​လ​မိတ်၊ ပြန်​လာ​ပါ။ ပြန်​လာ​ပါ။ အ​ကျွန်ုပ်​တို့​သည် သင့်​ကို​ရှု​မြင်​ရ​မည်​အ​ကြောင်း၊ ပြန်​လာ​ပါ။ ပြန်​လာ​ပါ။
ရှု​လ​မိတ်၌ အ​ဘယ်​သို့​သော​အ​ရာ​ကို တွေ့​မြင်​ကြ​လိမ့်​မည်​နည်း။ စစ်​တပ်​နှစ်​တပ်​ကဲ့​သို့ တွေ့​မြင်​ကြ​ပါ​မည်။

လက်ရှိရွေးချယ်ထားမှု

သီချင်း 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ