YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 4:1-5

သီချင်း 4:1-5 JBMLE

သင်​သည် အ​ဆင်း​လှ​ပေ၏။ ငါ​ချစ်​သော​နှ​မ၊ အ​လွန်​လှ​ပေ၏။ ဗျာ​ပါ​ဆံ​ကြား​မှာ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။ ဆံ​ပင်​သည်​လည်း ဂိ​လဒ်​တောင်​ပေါ်​မှ ဆင်း​လာ​သော ဆိတ်​စု​ကဲ့​သို့​ဖြစ်၏။ သင်၏​သွား​တို့​သည်​လည်း အ​မွေး​ညှပ်၍၊ ရေ​ချိုး​ရာ​မှ တက်​လာ​သော သိုး​စု​ကဲ့​သို့​ဖြစ်​ကြ၏။ တစ်​ကောင်​မျှ​မ​လျော့။ အ​မွှာ​သာ ဖွား​တတ်​ကြ၏။ နှုတ်​ခမ်း​သည်​လည်း နီ​ထွေး​သော​ကြိုး​နှင့် တူ၏။ စ​ကား​သံ​လည်း သာ​ယာ​ပေ၏။ နား​ပန်း​ဆံ​ကြား​မှာ ပါး​တို့​သည် သ​လဲ​သီး​ယှက်​နှင့် တူ​ကြ၏။ လည်​ပင်း​သည်​လည်း၊ သူ​ရဲ​တို့​သာ သုံး​ဆောင်​တတ်​သော ဒိုင်း​လွှား​တစ်​ထောင် ဆွဲ​ထား​သော လက်​နက်​စုံ ဘ​ဏ္ဍာ​တိုက်​တည်း​ဟူ​သော ဒါ​ဝိဒ်​မင်း၏ ရဲ​တိုက်​နှင့်​တူ၏။ ရင်​သား​နှစ်​ဖက်​တို့​သည် နှင်း​တော၌ ကျက်​စား​သော ဒ​ရယ်​သ​ငယ်​အ​မွှာ​နှင့် တူ​ကြ၏။