YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 4

4
သ​တို့​သ​မီး​အ​လှ​ချီး​မွမ်း​ခန်း
1သင်​သည် အ​ဆင်း​လှ​ပေ၏။ ငါ​ချစ်​သော​နှ​မ၊ အ​လွန်​လှ​ပေ၏။ ဗျာ​ပါ​ဆံ​ကြား​မှာ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။ ဆံ​ပင်​သည်​လည်း ဂိ​လဒ်​တောင်​ပေါ်​မှ ဆင်း​လာ​သော ဆိတ်​စု​ကဲ့​သို့​ဖြစ်၏။ 2သင်၏​သွား​တို့​သည်​လည်း အ​မွေး​ညှပ်၍၊ ရေ​ချိုး​ရာ​မှ တက်​လာ​သော သိုး​စု​ကဲ့​သို့​ဖြစ်​ကြ၏။ တစ်​ကောင်​မျှ​မ​လျော့။ အ​မွှာ​သာ ဖွား​တတ်​ကြ၏။ 3နှုတ်​ခမ်း​သည်​လည်း နီ​ထွေး​သော​ကြိုး​နှင့် တူ၏။ စ​ကား​သံ​လည်း သာ​ယာ​ပေ၏။ နား​ပန်း​ဆံ​ကြား​မှာ ပါး​တို့​သည် သ​လဲ​သီး​ယှက်​နှင့် တူ​ကြ၏။ 4လည်​ပင်း​သည်​လည်း၊ သူ​ရဲ​တို့​သာ သုံး​ဆောင်​တတ်​သော ဒိုင်း​လွှား​တစ်​ထောင် ဆွဲ​ထား​သော လက်​နက်​စုံ ဘ​ဏ္ဍာ​တိုက်​တည်း​ဟူ​သော ဒါ​ဝိဒ်​မင်း၏ ရဲ​တိုက်​နှင့်​တူ၏။ 5ရင်​သား​နှစ်​ဖက်​တို့​သည် နှင်း​တော၌ ကျက်​စား​သော ဒ​ရယ်​သ​ငယ်​အ​မွှာ​နှင့် တူ​ကြ၏။ 6မိုး​မ​သောက်၊ မှောင်​မိုက်​အ​ရိပ်​မ​ပြေး​မီ၊ ငါ​သည်​မု​ရန်​တောင်​နှင့် လော​ဗန်​ကုန်း​သို့ သွား​မည်။ 7ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ တစ်​ကိုယ်​လုံး​လှ​ပေ၏။
8ငါ​နှင့်​အ​တူ လေ​ဗ​နုန်​တောင်​က လာ​ပါ​အ​ပယ်။ ငါ​နှင့်​အ​တူ လေ​ဗ​နုန်​တောင်​က လာ​ပါ။ အာ​မ​န​တောင်​ထိပ်၊ ရှ​နိ​ရ​တောင်၊ ဟေ​ရ​မုန်​တောင်​ထိပ်၊ ခြင်္သေ့​တွင်း​များ၊ ကျား​သစ်​နေ​ရာ တောင်​များ​အ​ပေါ်​က ကြည့်​ရှု​ပါ။ 9ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်​သည် ငါ့​နှ​လုံး​ကို​လု​ယူ​ပြီ။ သင်၏​မျက်​စိ​တစ်​ကြည့်၊ လည်​ပင်း​တစ်​လှည့်​ဖြင့် ငါ​နှ​လုံး​ကို လု​ယူ​ပြီ။ 10ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်၏​မေ​တ္တာ​သည် အ​လွန်​ချို​ပေ၏။ သင်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် အ​ထူး​သ​ဖြင့် ကောင်း​ပေ၏။ သင်း​ထုံ​သော နံ့​သာ​ဆီ​သည် နံ့​သာ​မျိုး​တ​ကာ​တို့​ထက် အ​ထူး​သ​ဖြင့် မွှေး​ကြိုင်​ပေ၏။ 11ငါ့​ခင်​ပွန်း၊ သင်၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့​ယို​တတ်၏။ လျှာ​အောက်​မှာ နို့​နှင့် ပျား​ရည်​ရှိ၏။ အ​ဝတ်​တန်​ဆာ​သည်​လည်း လေ​ဗ​နုန်​အ​မွှေး​အ​ကြိုင်​ကဲ့​သို့ မွှေး​ကြိုင်​လျက်​ရှိ၏။ 12ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း​သည် ဝင်း​ကာ​သော​ဥ​ယျာဉ်၊ ပိတ်​ထား​သော ရေ​ကန်၊ တံ​ဆိပ်​ခတ်​ထား​သော ရေ​တွင်း ဖြစ်​ပေ၏။ 13သင်၏​ပျိုး​ပင်​တို့​ကား၊ ချို​သော​အ​သီး​ကို သီး​တတ်​သော သ​လဲ​တော၊ နာ​ဒု​ပင်​နှင့်​ရော​သော ဟင်္နာ​တော၊ 14နာ​ဒု​ပင်၊ ကု​ရ​ကု​မ​ပင်၊ ကြံ​ပင်၊ သစ်​ကြံ​ပိုး​ပင်၊ လော​ဗန်​ပင်​မျိုး၊ မု​ရန်​ပင်၊ အ​ကျော်​ပင်၊ အ​မြတ်​ဆုံး​သော နံ့​သာ​ပင်​မျိုး ပါ​ကြ၏။ 15ဥ​ယျာဉ်​များ​ကို ရေ​လောင်း​စ​ရာ​ရေ​ကန်၊ စမ်း​ရေ​တွင်း၊ လေ​ဗ​နုန်​တောင်​က စီး​ထွက်​သော မြစ်​ရေ​လည်း​ပါ​သ​တည်း။
16မြောက်​လေ၊ နိုး​ပါ။ တောင်​လေ၊ လာ​ပါ။ ငါ့​ဥ​ယျာဉ်​အ​ပေါ်​သို့​လာ​ကြ​ပါ။ မွှေး​ကြိုင်​သော အ​နံ့​သည် ပျံ့​လှိုင်​ပါ​စေ။ ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်​သို့​ဝင်၍၊ ချို​သော​အ​သီး​ကို စား​တော်​မူ​ပါ​စေ။

လက်ရှိရွေးချယ်ထားမှု

သီချင်း 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ