YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 3

3
သ​တို့​သ​မီး​အိပ်​မက်
1ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို ည​အ​ခါ အိပ်​ရာ​ပေါ်​မှာ ငါ​ရှာ၏။ ရှာ​သော်​လည်း မ​တွေ့။ 2ငါ​ထ​မည်။ မြို့​လမ်း​တို့​တွင်​လည်​မည်။ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို လမ်း​မ​တို့​တွင် ရှာ​မည်​ဟု​ဆို​လျက် ရှာ​သော်​လည်း မ​တွေ့။ 3မြို့​ကို​လည်​သော ကင်း​စောင့်​တို့​သည် ငါ့​ကို​တွေ့​ကြ​သော်၊ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို မြင်​ကြ​သ​လော​ဟု ငါ​မေး၏။ 4သူ​တို့​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို​တွေ့၏။ ငါ​သည် သူ့​ကို​မ​လွှတ်။ အ​မြဲ​ကိုင်၍ ငါ့​ကို​ဖွား​မြင်​သော မိ​ခင်၏​အိမ်၌ အိပ်​ရာ​အ​ခန်း​ထဲ​သို့ ဆောင်​ခဲ့၏။
5ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော​သ​တို့​သ​မီး​သည် အ​လို​လို မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌ ကျင်​လည်​သော​သ​မင်​ဒ​ရယ်​များ​ကို တိုင်​တည်၍၊ သင်​တို့​ကို​ငါ​မှာ​ထား၏။
သ​တို့​သား​ရောက်​လာ​ပြီ
6မု​ရန်၊ လော​ဗန်​အ​စ​ရှိ​သော ကုန်​သည်​ရောင်း​တတ်​သော နံ့​သာ​မှုန့်​မျိုး​ကို​မီး​ရှို့၍၊ ထ​သော မီး​ခိုး​တိုင်​သ​ဏ္ဌာန်​ရှိ​လျက် တော​ထဲ​က​လာ​သော ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​ပါ​လိမ့်​မည်​နည်း။
ရှော​လ​မုန်​မင်း၏ ယာဉ်​ပျံ​တော်​ကို ကြ​ည့်​ကြ​လော့။ သူ​ရဲ​ခြောက်​ကျိပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​သူ​ရဲ အ​ခြွေ​အ​ရံ​ရှိ​ကြ၏။ 7ထို​သူ​အ​ပေါင်း​တို့​သည် ဓား​ကိုင်​လျက်၊ စစ်​မှု​စစ်​ရေး၌ လေ့​ကျက်​သော​သူ ဖြစ်​ကြ၏။ 8ည​အ​ခါ​စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ လူ​တိုင်း မိ​မိ​အ​ပေါ်၌ မိ​မိ​ဓား​ကို မြှောင်​ထား​လျက်​ရှိ၏။ 9လေ​ဗ​နုန်​သစ်​သား​ဖြင့် ရှော​လ​မုန်​မင်း​ကြီး လုပ်​တော်​မူ​သော ယာဉ်​ပျံ​တော်​ဖြစ်၏။ 10ကွန်း​စင်​တိုင်​တို့​ကို ငွေ​ဖြင့်​လည်း​ကောင်း၊ အောက်​ပိုင်း​ကို ရွှေ​ဖြင့်​လည်း​ကောင်း၊ ထိုင်​ရန်​ဖုံ​ကို နီ​မောင်း​သော က​မ္ဗ​လာ​ဖြင့်​လည်း​ကောင်း ပြီး​စေ​တော်​မူ၏။ အ​တွင်း​ကို​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့​သည် မေ​တ္တာ​နှင့် ချယ်​လှယ်​ကြ​ပြီ။
11ဇိ​အုန်​သ​တို့​သ​မီး​တို့၊ လက်​ထပ်​မင်္ဂ​လာ​ဆောင်​သော​နေ့၊ နှ​လုံး​တော်​ရွှင်​လန်း​သော​နေ့၌ မယ်​တော်​တင်​သော ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​တော်​မူ​သော ရှော​လ​မုန်​မင်း​ကြီး​ကို သွား၍​ဖူး​မြင်​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

သီချင်း 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ