YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 2:4-16

သီချင်း 2:4-16 JBMLE

ပွဲ​ခံ​ရာ​အိမ်​သို့ ငါ့​ကို​ဆောင်​သွား၍၊ မေ​တ္တာ​တော်​အ​လံ​ကို ငါ့​အ​ပေါ်​မှာ မိုး​တော်​မူ​ပြီ။ ငါ​သည် ချစ်​ခြင်း​အား​ဖြင့် ကြင်​နာ​သည်​ဖြစ်၍၊ ငါ့​ကို စ​ပျစ်​သီး​ပျဉ်​နှင့် အား​ဖြည့်​ကြ​ပါ။ ရှောက်​ချို​သီး​ကို ကျွေး၍ သက်​သာ​စေ​ကြ​ပါ။ သ​ခင်​၏​လက်​ဝဲ​လက်​သည် ငါ့​ခေါင်း​ကို ထောက်​မ​လျက်၊ လက်​ယာ​လက်​သည် ငါ့​ကို​ဖက်​လျက် နေ​တော်​မူ​ပါ​စေ။ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော​သ​တို့​သ​မီး​သည် အ​လို​လို မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌ ကျင်​လည်​သော သ​မင်​ဒ​ရယ်​များ​ကို​တိုင်​တည်၍ သင်​တို့​ကို ငါ​မှာ​ထား၏။ ငါ​ချစ်​ရာ သ​ခင်၏​စ​ကား​သံ​ပေ။ ကြည့်​ပါ။ တောင်​ကြီး​တောင်​ငယ်​တို့​ကို ခုန်​ကျော်​လျက် ကြွ​လာ၏။ ငါ​ချစ်​ရာ သ​ခင်​သည် သ​မင်​ဒ​ရယ်​သ​ငယ်​နှင့် တူ၏။ ကြည့်​ပါ။ အုတ်​ရိုး​ပြင်​မှာ ရပ်​တော်​မူ၏။ ပြတင်း​ပေါက်​ဝ​တွင် ကြည့်​လျက်၊ ပြတင်း​ရွက်​ကြား​မှာ ကိုယ်​ကို​ပြ​လျက်​နေ​တော်​မူ၏။ ငါ​ချစ်​ရာ​သ​ခင်​သည် ခေါ်၍​ပြော​သည်​ကား၊ ငါ​ချစ်​သော​နှ​မ၊ ငါ၏​မိန်း​မ​လှ၊ ထ၍​လာ​ခဲ့​ပါ။ ဆောင်း​ကာ​လ​လွန်​ပြီ။ မိုး​လည်း​ကြည်​လင်​ပြီ။ မြေ​ကြီး​ပေါ်​မှာ ပန်း​များ​ပွင့်​ကြ​ပြီ။ ငှက်​တို့ မြည်​တွန်​ချိန်​လည်း ရောက်​လေ​ပြီ။ ငါ​တို့​မြေ၌ ချိုး​ငှက် တွန်​သံ​ကို​လည်း ကြား​ရ၏။ သင်္ဘော​သ​ဖန်း​ပင်​သည် စိမ်း​သော​အ​သီး​ကို မှည့်​စေ၏။ စ​ပျစ်​နွယ်​ပင်​လည်း ပွင့်​လျက် မွှေး​ကြိုင်၏။ ငါ​ချစ်​သော​နှ​မ၊ ငါ၏​မိန်း​မ​လှ၊ ထ၍​လာ​ခဲ့​ပါ။ တောင်​ပေါ်၌ ခို​လှုံ​ရာ​ကျောက်​ကြား​တွင်​ရှိ​သော ငါ၏​ချိုး​ငှက်၊ သင်၏​မျက်​နှာ​ကို​မြင်​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​ကို ကြား​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​သည် ချို၏။ သင်၏​မျက်​နှာ​လည်း လှ၏။ စ​ပျစ်​နွယ်​ပင်​တို့​ကို ဖျက်​လ​တ္တံ့​သော မြေ​ခွေး​များ​နှင့် မြေ​ခွေး​က​လေး​များ​ကို ငါ​တို့​ဖို့ ဖမ်း​ကြ​လော့။ ငါ​တို့ စ​ပျစ်​နွယ်​ပင်​တို့​သည် အ​ပွင့်​ပွင့်​လျက်​ရှိ​ကြ၏။ ငါ​ချစ်​ရာ​သ​ခင်​ကို ငါ​ဆိုင်​ပေ၏။ ငါ့​ကို​လည်း သ​ခင်​ဆိုင်​ပေ၏။ နှင်း​တော၌ ကျက်​စား​တော်​မူ၏။