YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 3:7-11

ရု​သ​ 3:7-11 JBMLE

ဗော​ဇ​သည်​စား​သောက်၍ ရွှင်​လန်း​လျက်၊ စ​ပါး​ပုံ​အ​နား​သို့​သွား၍ အိပ်​သော​အ​ခါ၊ ရု​သ​သည် တိတ်​ဆိတ်​စွာ​ချဉ်း​ကပ်၍ သူ့​ခြေ၌​ဖုံး​သော​အ​ဝတ်​ကို ဖွင့်​ပြီး​လျှင် အိပ်​လေ၏။ သန်း​ခေါင်​အ​ချိန်၌ ယောက်ျား​သည်​လန့်၍ လှည့်​သ​ဖြင့်၊ မိန်း​မ​သည် ခြေ​ရင်း၌​ရှိ​သည်​ကို သိ​လျက်၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ​သည် ကိုယ်​တော်၏ ကျွန်​မ​ရု​သ​ဖြစ်​ပါ၏။ ကိုယ်​တော်​သည် ရွေး​ပိုင်​သော​အ​မျိုး​သား​ချင်း​ဖြစ်​သော​ကြောင့်၊ ကိုယ်​တော်၏​ကျွန်​မ​ကို အ​ဝတ်​တော်​စွန်း​နှင့် ဖုံး​ပါ​တော့​ဟု ဆို​သော်၊ သူ​က၊ ငါ့​သ​မီး၊ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည် ငွေ​ရ​တတ်​သော​လူ​ပျို၊ ဆင်း​ရဲ​သော​လူ​ပျို တစ်​စုံ​တစ်​ယောက်​ကို မ​မှီ​ဝဲ​ဘဲ​နေ၍၊ အ​ရင်​ပြု​သော​ကျေး​ဇူး​ထက် နောက်​ပြု​သော​ကျေး​ဇူး​သာ၍​ကြီး၏။ မ​စိုး​ရိမ်​နှင့် ငါ့​သ​မီး။ တောင်း​သ​မျှ​ကို ငါ​ပြု​မည်။ သင်​သည် သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ ဖြစ်​ကြောင်း​ကို ငါ့​လူ​မျိုး​နေ​သော တစ်​မြို့​လုံး​သိ၏။