မစိုးရိမ်နှင့် ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည် သီလနှင့်ပြည့်စုံသောမိန်းမ ဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တစ်မြို့လုံးသိ၏။ ငါသည်ရွေးပိုင်သော အမျိုးသားချင်း မှန်ပေ၏။ သို့သော်လည်း ငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတစ်ယောက် ရှိသေး၏။ ယနေ့ညမှာ နေဦးတော့၊ ထိုသူသည် ရွေးပိုင်သောအမျိုးသားချင်း ဝတ်ကိုပြုလိုလျှင် ပြုပါလေစေ။ ကောင်း၏။ မပြုလျှင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။ ရုသသည် နံနက်တိုင်အောင် သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် သိနိုင်သောအချိန်မရောက်မီ ထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ်တလင်းသို့ လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟု ဆို၏။ တစ်ဖန် သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ ဖြန့်ခင်းတော့ဟု ဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကို ခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည် မြို့ထဲသို့သွားလေ၏။ ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမက အဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကိုလည်းကောင်း၊ သူက၊ သင်သည် ယောက္ခမထံသို့ လက်ချည်းမသွားနှင့်ဟု ဆိုလျက် မုယောစပါး ခြောက်ဩမဲပေးကြောင်းကိုလည်းကောင်း ကြားပြောလေ၏။ ယောက္ခမကလည်း၊ ငါ့သမီး၊ ဤအမှုသည် အဘယ်သို့ပြီးလိမ့်မည်ကို မသိမီတိုင်အောင် ထိုင်နေတော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမီ ငြိမ်ဝပ်စွာမနေဟု ပြောဆို၏။
ရုသ 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရုသ 3:11-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ