YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 2:14-20

ရု​သ​ 2:14-20 JBMLE

ဗော​ဇ​က​လည်း၊ စား​သောက်​သော​အ​ချိန် ရှိ​ပြီ။ လာ၍ မုန့်​ကို​စား​လော့။ ပုံး​ရည်၌ စား​စ​ရာ​ကို နှစ်​လော့​ဟု ခေါ်​ဆို​သည်​အ​တိုင်း၊ ရု​သ​သည် စ​ပါး​ရိတ်​သော​သူ​တို့​နှင့်​အ​တူ ထိုင်​လျှင်၊ ဗော​ဇ​သည် ပေါက်​ပေါက်​ကို​လှမ်း၍ ပေး​သ​ဖြင့်၊ သူ​သည် ဝ​စွာ​စား​ပြီး​မှ ချန်​ထား​သေး၏။ စ​ပါး​ကျန်​ကို​ကောက်​ခြင်း​ငှာ ထ​သွား​သော​အ​ခါ၊ ဗော​ဇ​သည် လု​လင်​တို့​အား၊ ထို​မိန်း​မ​သည် ကောက်​လှိုင်း​စု​ထဲ​မှာ ကျန်​သော​စ​ပါး​ကို ကောက်​သိမ်း​ပါ​စေ၊ အ​ရှက်​မ​ခွဲ​ကြ​နှင့်။ ရိတ်​ပြီး​သော​စ​ပါး​အ​ချို့​ကို​လည်း သူ​အ​ဖို့​ချ​ထား​လော့။ ကောက်​ယူ​ပါ​စေ။ အ​ပြစ်​မ​တင်​ကြ​နှင့်​ဟု မှာ​ထား၏။ ရု​သ​သည် ထို​လယ်၌ ညဉ့်​ဦး​တိုင်​အောင် စ​ပါး​ကျန်​ကို​ကောက်၍ ရ​သော​စ​ပါး​ကို​နယ်​ပြီး​လျှင် မု​ယော​ဆန်​တစ်​ဧ​ဖာ​ခန့်​မျှ ရှိ၏။ ထို​ဆန်​ကို​ယူ၍ မြို့​ထဲ​သို့​ဝင်​သ​ဖြင့်၊ ကောက်၍​ရ​သော​ဆန်​ကို​လည်း ယော​က္ခ​မ​အား​ပြ၏။ ဝ​စွာ​စား​ပြီး​မှ ချန်​ထား​သော​အ​ရာ​ကို​လည်း ထုတ်၍​ပေး​သေး၏။ ယော​က္ခ​မ​က​လည်း၊ ယ​နေ့ အ​ဘယ်​မှာ​စ​ပါး​ကျန်​ကို​ကောက်​သ​နည်း။ အ​ဘယ်​မှာ​လုပ်​သ​နည်း။ သင်​သိ​မှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု​မြွက်​ဆို​လျှင်၊ ရု​သ​က ယ​နေ့ ကျွန်​မ​လုပ်​သော​သူ၏​အ​မည်​ကား၊ ဗော​ဇ​ဖြစ်​ပါ​သည်​ဟု ယော​က္ခ​မ​အား ကြား​ပြော​သော်။ ယော​က္ခ​မ​က၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့၌ ကျေး​ဇူး​မ​ပြတ် ပြု​တော်​မူ​သေး​သော ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊ ထို​သူ​သည် ငါ​တို့​နှင့်​ပေါက်​ဖော်​တော်​သော​သူ၊ နီး​စပ်​သော အ​မျိုး​သား​ချင်း​အ​ဝင် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ချွေး​မ​အား ပြော​ဆို၏။