YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 9:6-18

ရောမ 9:6-18 JBMLE

ထို​သို့​ဆို​သော် ဘု​ရား​သ​ခင်၏ က​တိ​တော်​မ​တည်​ဟု ငါ​မ​ဆို​လို။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​နှင့် ဆက်​နွယ်​သော သူ​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​လူ​မှန် မ​ဟုတ်။- ထို​နည်း​တူ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန် မ​ဟုတ်။ ဣ​ဇာက်၌​သာ သင်၏​အ​မျိုး တည်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။- ထို​ကြောင့်၊ ဇာ​တိ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​သား​မှန် မ​ဟုတ်။ က​တိ​တော်​နှင့်​ဆိုင်​သော သား​တို့​သည် အ​မျိုး​အ​နွယ်​မှန်​သည်​ဟု မှတ်​တော်​မူ၏။- က​တိ​တော်​အ​ချက်​ဟူ​မူ​ကား၊ ယ​ခု​မှ​စ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ ငါ​လာ၍ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု လာ​သ​တည်း။- ထို​မျှ​မ​က၊ ရေ​ဗ​က္က​သည် ငါ​တို့​အ​ဘ​ဣ​ဇာက်​နှင့် စုံ​ဖက်၍ ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​သော​အ​ခါ၊- ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​ခြင်း​နှင့် ယှဉ်​သော​အ​ကြံ​တော်​သည် အ​ကျင့်​အား​ဖြင့် မ​တည်၊ ခေါ်​တော်​မူ​သော​သူ၏ အ​လို​တော်​အား​ဖြင့် တည်​မည်​အ​ကြောင်း၊ သား​မ​ဖွား​မီ၊ ထို​သား​တို့​သည် ကောင်း​သော​အ​ကျင့်၊ မ​ကောင်း​သော​အ​ကျင့်​ကို မ​ကျင့်​မီ၊- သား​အ​ကြီး​သည် သား​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု ထို​မိန်း​မ​အား ဗျာ​ဒိတ်​ပေး​တော်​မူ၏။- ထို​သို့​နှင့်​အ​ညီ၊ ယာ​ကုပ်​ကို​ငါ​ချစ်၏။ ဧ​သော​ကို​မုန်း၏​ဟု ကျမ်း​စာ​လာ​သ​တည်း။ သို့​ဖြစ်၍၊ အ​ဘယ်​သို့ ပြော​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​သည် မ​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​သ​လော။ ထို​သို့​မ​ပြော​ရ။- ဘု​ရား​သ​ခင်​က၊ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်​ဟု မော​ရှေ​ကို မိန့်​တော်​မူ၏။- ထို​ကြောင့်၊ လို​ချင်​သော​သူ​သည် တတ်​နိုင်​သည် မ​ဟုတ်။ ပြေး​သော​သူ​သည်​လည်း တတ်​နိုင်​သည်​မ​ဟုတ်။ ကျေး​ဇူး​ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။- ကျမ်း​စာ၌ ဖာ​ရော​ဘု​ရင်​ကို​ဆို​သည်​ကား၊ ငါ့​တန်​ခိုး​ကို သင်၌ ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို ချီး​မြှောက်​ခဲ့​ပြီ​ဟု ဆို​သ​တည်း။- ထို​သို့​နှင့်​အ​ညီ၊ ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ခိုင်​မာ​စေ​လို​သော သူ​ကို​လည်း ခိုင်​မာ​စေ​တော်​မူ၏။