ထိုကြောင့်၊ အဘယ်သို့ပြောရမည်နည်း ဟူမူကား၊ ဖြောင့်မတ်ခြင်းကို မီအောင်မလိုက်သော တစ်ပါးအမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မီကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည်ခြင်းအားဖြင့် မီသော ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။- ဖြောင့်မတ်ခြင်းတရားကို မီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမီကြ။- အဘယ်ကြောင့် မမီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။- ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်း မရှိနိုင်ရာဟုလာသည်နှင့် အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။
ရောမ 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 9:30-33
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ