YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 8:24-27

ရောမ 8:24-27 JBMLE

ငါ​တို့​သည် မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။ မျှော်​လင့်​သော​အ​ရာ​ကို တွေ့​မြင်​လျှင် မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ။ တွေ့​မြင်​သော​အ​ရာ​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​မည်​နည်း။- ငါ​တို့​သည် မ​တွေ့​မ​မြင်​သော​အ​ရာ​ကို မျှော်​လင့်​လျှင်​မူ​ကား၊ ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့် ငံ့​လင့်၍ နေ​ကြ၏။- ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။- စိတ်​နှ​လုံး​ကို စစ်​တော်​မူ​သော​သူ​သည်​လည်း ဝိ​ညာဉ်​တော်၏ စိတ်​သ​ဘော​ကို သိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​သူ​တို့၏ ဆု​တောင်း​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ စောင့်​မ​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။