YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 8:10-28

ရောမ 8:10-28 JBMLE

ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌​ရှိ​တော်​မူ​လျှင်၊ ကိုယ်​ကာ​ယ​သည် အ​ပြစ်​ကြောင့် အ​သေ​ဖြစ်​သော်​လည်း ဝိ​ညာဉ်​မူ​ကား ဖြောင့်​မတ်​ခြင်း​ကြောင့် အ​သက်​ရှင်​လျက်​ရှိ၏။- ထို​မျှ​မ​က၊ ယေ​ရှု​ကို​သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​သော မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ သေ​တတ်​သော သင်​တို့၏ ကိုယ်​ကာ​ယ​ကို​ပင် ရှင်​စေ​တော်​မူ​မည်။ သို့​ဖြစ်၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း ကျင့်​ရ​မည်​အ​ကြောင်း၊ ဇာ​တိ​ပ​က​တိ၏​ကျွန် ဖြစ်​ကြ​သည်​မ​ဟုတ်။- သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း​အ​သက်​ရှင်​လျှင် သေ​ရ​ကြ​မည်။ ဝိ​ညာဉ်​တော်​အား​ဖြင့် ကိုယ်​ကာ​ယ၏​အ​ကျင့်​တို့​ကို သေ​စေ​လျှင် အ​သက်​ရှင်​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော် ဆုံး​မ​ပဲ့​ပြင်​တော်​မူ​သ​မျှ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။- ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ​သည်​ဟု ဝိ​ညာဉ်​တော်​သည် ငါ​တို့၏​ဝိ​ညာဉ်​နှင့်​အ​တူ သက်​သေ​ခံ​တော်​မူ၏။- သား​မှန်​လျှင် အ​မွေ​ခံ၊ ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​ဖြစ်​ကြ၏။ ခ​ရစ်​တော်​နှင့်​အ​တူ ဘုန်း​ဝင်​စား​မည်​အ​ကြောင်း၊ ထို​သ​ခင်​နှင့်​အ​တူ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ​လျှင်၊ ထို​သ​ခင်​နှင့်​ဆက်​ဆံ​သော အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။- ငါ​တို့​အား ပေါ်​ထွန်း​လ​တ္တံ့​သော ဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။- ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။- ဤ​လော​က​သည် အ​နိ​စ္စ​နိုင်​ငံ​သို့​အ​လို​လို လိုက်​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်​သား​တို့၏ ထူး​မြတ်​သော လွှတ်​ခြင်း​ချမ်း​သာ​တည်း​ဟူ​သော ဖောက်​ပြန်​ပျက်​စီး​ခြင်း အ​နှောင်​အ​ဖွဲ့​မှ ကယ်​လွှတ်​ခြင်း​ချမ်း​သာ​ကို ဝင်​စား​မည်​ဟု မျှော်​လင့်​ရ​သော အ​ခွင့်​ကို​ပေး၍ အ​နိ​စ္စ​နိုင်​ငံ​သို့ လိုက်​စေ​တော်​မူ​သော​သူ၏ အ​လို​တော်​ကြောင့်​သာ လိုက်​ရ၏။- ဤ​လော​က​တစ်​နိုင်​ငံ​လုံး​သည် ယ​ခု​တိုင်​အောင် တ​ညီ​တ​ညွတ်​တည်း​ညည်း​တွား၍ ဆင်း​ရဲ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သည်​ဟု ငါ​တို့​သိ​ကြ၏။- ထို​မျှ​မ​က ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​တော် အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။- ငါ​တို့​သည် မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။ မျှော်​လင့်​သော​အ​ရာ​ကို တွေ့​မြင်​လျှင် မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ။ တွေ့​မြင်​သော​အ​ရာ​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​မည်​နည်း။- ငါ​တို့​သည် မ​တွေ့​မ​မြင်​သော​အ​ရာ​ကို မျှော်​လင့်​လျှင်​မူ​ကား၊ ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့် ငံ့​လင့်၍ နေ​ကြ၏။- ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။- စိတ်​နှ​လုံး​ကို စစ်​တော်​မူ​သော​သူ​သည်​လည်း ဝိ​ညာဉ်​တော်၏ စိတ်​သ​ဘော​ကို သိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​သူ​တို့၏ ဆု​တောင်း​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ စောင့်​မ​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။

​ရောမ 8:10-28 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။