YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 8:1-21

ရောမ 8:1-21 JBMLE

ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။- ယေ​ရှု​ခ​ရစ်၌​တည်၍ အ​သက်​ရှင်​စေ​သော ဝိ​ညာဉ်​တော်၏​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ။- ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​ငါ​တို့​သည်၊ တ​ရား၌​ပါ​သော ပ​ညတ်​တို့​ကို စောင့်​ရှောက်​မည်​အ​ကြောင်း​တည်း။- ဇာ​တိ​ပ​က​တိ​ရှိ​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။ ဝိ​ညာဉ်​ပ​က​တိ​ရှိ​သော သူ​တို့​မူ​ကား၊ ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။- ဇာ​တိ​ပ​က​တိ​စိတ်​သ​ဘော​သည် သေ​ခြင်း​အ​ကြောင်း ဖြစ်၏။ ဝိ​ညာဉ်​ပ​က​တိ​စိတ်​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် ငြိမ်​သက်​ခြင်း​အ​ကြောင်း ဖြစ်၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဇာ​တိ​ပ​က​တိ စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၏။ ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့ မ​လိုက်​တတ်။ ထို​မျှ​မ​က မ​လိုက်​နိုင်။- ထို​ကြောင့် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် မ​တွေ့​နိုင်​ကြ။- သို့​သော်​လည်း ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​ဘက်၌ ရှိ​ကြ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​ပ​က​တိ​ဘက်၌ ရှိ​ကြ၏။ ခ​ရစ်​တော်၏​ဝိ​ညာဉ်​ကို မ​ရ​သော​သူ​မည်​သည်​ကား ခ​ရစ်​တော်​နှင့်​မ​ဆိုင်။- ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌​ရှိ​တော်​မူ​လျှင်၊ ကိုယ်​ကာ​ယ​သည် အ​ပြစ်​ကြောင့် အ​သေ​ဖြစ်​သော်​လည်း ဝိ​ညာဉ်​မူ​ကား ဖြောင့်​မတ်​ခြင်း​ကြောင့် အ​သက်​ရှင်​လျက်​ရှိ၏။- ထို​မျှ​မ​က၊ ယေ​ရှု​ကို​သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​သော မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ သေ​တတ်​သော သင်​တို့၏ ကိုယ်​ကာ​ယ​ကို​ပင် ရှင်​စေ​တော်​မူ​မည်။ သို့​ဖြစ်၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း ကျင့်​ရ​မည်​အ​ကြောင်း၊ ဇာ​တိ​ပ​က​တိ၏​ကျွန် ဖြစ်​ကြ​သည်​မ​ဟုတ်။- သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း​အ​သက်​ရှင်​လျှင် သေ​ရ​ကြ​မည်။ ဝိ​ညာဉ်​တော်​အား​ဖြင့် ကိုယ်​ကာ​ယ၏​အ​ကျင့်​တို့​ကို သေ​စေ​လျှင် အ​သက်​ရှင်​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော် ဆုံး​မ​ပဲ့​ပြင်​တော်​မူ​သ​မျှ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။- ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ​သည်​ဟု ဝိ​ညာဉ်​တော်​သည် ငါ​တို့၏​ဝိ​ညာဉ်​နှင့်​အ​တူ သက်​သေ​ခံ​တော်​မူ၏။- သား​မှန်​လျှင် အ​မွေ​ခံ၊ ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​ဖြစ်​ကြ၏။ ခ​ရစ်​တော်​နှင့်​အ​တူ ဘုန်း​ဝင်​စား​မည်​အ​ကြောင်း၊ ထို​သ​ခင်​နှင့်​အ​တူ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ​လျှင်၊ ထို​သ​ခင်​နှင့်​ဆက်​ဆံ​သော အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။- ငါ​တို့​အား ပေါ်​ထွန်း​လ​တ္တံ့​သော ဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။- ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။- ဤ​လော​က​သည် အ​နိ​စ္စ​နိုင်​ငံ​သို့​အ​လို​လို လိုက်​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်​သား​တို့၏ ထူး​မြတ်​သော လွှတ်​ခြင်း​ချမ်း​သာ​တည်း​ဟူ​သော ဖောက်​ပြန်​ပျက်​စီး​ခြင်း အ​နှောင်​အ​ဖွဲ့​မှ ကယ်​လွှတ်​ခြင်း​ချမ်း​သာ​ကို ဝင်​စား​မည်​ဟု မျှော်​လင့်​ရ​သော အ​ခွင့်​ကို​ပေး၍ အ​နိ​စ္စ​နိုင်​ငံ​သို့ လိုက်​စေ​တော်​မူ​သော​သူ၏ အ​လို​တော်​ကြောင့်​သာ လိုက်​ရ၏။

​ရောမ 8:1-21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။