YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 4:16-21

ရောမ 4:16-21 JBMLE

ထို​ကြောင့်၊ က​တိ​တော်​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​မျိုး​အ​နွယ်​တို့၌ ပြည့်​စုံ​သည်​သာ​မ​က၊ အာ​ဗြ​ဟံ၏ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် ဆိုင်​သော​သူ​တို့၌ ပြည့်​စုံ​လျက်၊ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ ပြည့်​စုံ​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့​ရောက်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​သာ အ​မှီ​ပြု၍ ရောက်​နိုင်၏။- ငါ​သည် သင့်​ကို လူ​မျိုး​အ​များ​တို့၏​အ​ဘ ဖြစ်​စေ၏​ဟု ကျမ်း​စာ၌​လာ​သည်​နှင့်​အ​ညီ၊ ထို​အာ​ဗြ​ဟံ​သည်​ကား၊ သေ​လွန်​သော​သူ​တို့​ကို ရှင်​စေ​တော်​မူ​ထ​သော၊ မ​ဖြစ်​သေး​သော​အ​ရာ​တို့​ကို ဖြစ်​သော​အ​ရာ​ကဲ့​သို့ မှာ​ထား​တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ကိုယ်​တိုင်​ယုံ​ကြည်​သော ဘု​ရား​ရှေ့​တော်၌ ခပ်​သိမ်း​သော​ငါ​တို့၏​အ​ဘ ဖြစ်​သ​တည်း။- သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​အ​တိုင်း၊ မိ​မိ​သည် လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ယုံ​ကြည်၍ မျှော်​လင့်​လေ၏။- ယုံ​ကြည်​အား​ကြီး​သည်​ဖြစ်၍ မိ​မိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​လောက်​ရှိ​သ​ဖြင့်၊ မိ​မိ​ကိုယ်​သည် အ​သေ​ကဲ့​သို့ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​ခင်​ပွန်း စာ​ရာ၏​ဝမ်း​သည် သေ​ကြောင်း​ကို​လည်း​ကောင်း မ​အောက်​မေ့၊- ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ ဘု​ရား​သ​ခင်၏ က​တိ​တော်​ကို တွေး​တော​ခြင်း​မ​ရှိ၊ ယုံ​ကြည်​အား​ကြီး​သ​ဖြင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍၊- က​တိ​ထား​တော်​မူ​သော​သူ​သည် က​တိ​တော်​အ​တိုင်း တတ်​နိုင်​တော်​မူ​သည်​ကို စိတ်​စွဲ​လမ်း​လေ၏။

​ရောမ 4:16-21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။