YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 4:13-25

ရောမ 4:13-25 JBMLE

ထို​မှ​တစ်​ပါး၊ ဤ​လော​က​ကို အ​မွေ​ခံ​စေ​မည်​ဟု က​တိ​တော်​ကို အာ​ဗြ​ဟံ​မှ​စ​သော သူ၏​အ​မျိုး​အ​နွယ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့် ရ​ကြ​သည်​မ​ဟုတ်။ ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ရ​ကြ၏။- အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​သူ​တို့​သည် အ​မွေ​ခံ​ဖြစ်​သည်​မှန်​လျှင်၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​ပယ်​ပြီ။ က​တိ​တော်​လည်း အ​ချည်း​နှီး​ဖြစ်၏။- ပ​ညတ်​တ​ရား​သည်​ကား အ​မျက်​ဒေါ​သ​နှင့် စပ်​ဆိုင်၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ လွန်​ကျူး​ခြင်း အ​ပြစ်​မ​ရှိ။- ထို​ကြောင့်၊ က​တိ​တော်​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​မျိုး​အ​နွယ်​တို့၌ ပြည့်​စုံ​သည်​သာ​မ​က၊ အာ​ဗြ​ဟံ၏ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် ဆိုင်​သော​သူ​တို့၌ ပြည့်​စုံ​လျက်၊ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ ပြည့်​စုံ​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့​ရောက်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​သာ အ​မှီ​ပြု၍ ရောက်​နိုင်၏။- ငါ​သည် သင့်​ကို လူ​မျိုး​အ​များ​တို့၏​အ​ဘ ဖြစ်​စေ၏​ဟု ကျမ်း​စာ၌​လာ​သည်​နှင့်​အ​ညီ၊ ထို​အာ​ဗြ​ဟံ​သည်​ကား၊ သေ​လွန်​သော​သူ​တို့​ကို ရှင်​စေ​တော်​မူ​ထ​သော၊ မ​ဖြစ်​သေး​သော​အ​ရာ​တို့​ကို ဖြစ်​သော​အ​ရာ​ကဲ့​သို့ မှာ​ထား​တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ကိုယ်​တိုင်​ယုံ​ကြည်​သော ဘု​ရား​ရှေ့​တော်၌ ခပ်​သိမ်း​သော​ငါ​တို့၏​အ​ဘ ဖြစ်​သ​တည်း။- သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​အ​တိုင်း၊ မိ​မိ​သည် လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ယုံ​ကြည်၍ မျှော်​လင့်​လေ၏။- ယုံ​ကြည်​အား​ကြီး​သည်​ဖြစ်၍ မိ​မိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​လောက်​ရှိ​သ​ဖြင့်၊ မိ​မိ​ကိုယ်​သည် အ​သေ​ကဲ့​သို့ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​ခင်​ပွန်း စာ​ရာ၏​ဝမ်း​သည် သေ​ကြောင်း​ကို​လည်း​ကောင်း မ​အောက်​မေ့၊- ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ ဘု​ရား​သ​ခင်၏ က​တိ​တော်​ကို တွေး​တော​ခြင်း​မ​ရှိ၊ ယုံ​ကြည်​အား​ကြီး​သ​ဖြင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍၊- က​တိ​ထား​တော်​မူ​သော​သူ​သည် က​တိ​တော်​အ​တိုင်း တတ်​နိုင်​တော်​မူ​သည်​ကို စိတ်​စွဲ​လမ်း​လေ၏။- ထို​ကြောင့်၊ သူ၏​ယုံ​ကြည်​ခြင်း​ကို သူ၏​ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။ ထို​သို့​မှတ်​တော်​မူ​သည်​ဟု အာ​ဗြ​ဟံ​အ​ကျိုး​အ​လို​ငှာ​သာ ကျမ်း​စာ၌ ရေး​ထား​သည်​မ​ဟုတ်။- ငါ​တို့​အ​ကျိုး​အ​လို​ငှာ ရေး​ထား​သ​တည်း။ ငါ​တို့ သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​သူ​ကို ငါ​တို့​သည် ယုံ​ကြည်​လျှင်၊ ထို​ယုံ​ကြည်​ခြင်း​ကို ငါ​တို့၏​ဖြောင့်​မတ်​ခြင်း​ဟု မှတ်​တော်​မူ​လ​တ္တံ့။- ထို​သ​ခင်​ယေ​ရှု​သည် ငါ​တို့​အ​ပြစ်​ကြောင့် အပ်​နှံ​ခြင်း​ကို ခံ​တော်​မူ၏။ ငါ​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း ထ​မြောက်​တော်​မူ၏။

​ရောမ 4:13-25 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။