YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 2:1-16

ရောမ 2:1-16 JBMLE

သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​တတ်​သော​သူ၊ သင်​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။ အ​ကြောင်း​မူ​ကား၊ သင်​သည်​စစ်​ကြော​စီ​ရင်​သော အ​မှု​ကို​ပင် ကိုယ်​တိုင်​ပြု​သည်​ဖြစ်၍၊ သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​သည်​တွင် ကိုယ်​အ​ပြစ်​ရှိ​ကြောင်း​ကို စီ​ရင်​ဆုံး​ဖြတ်​ရာ​ရောက်၏။- ဘု​ရား​သ​ခင်​သည် ထို​သို့​ပြု​သော​သူ​တို့​ကို စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​သည် သ​မ္မာ​တ​ရား​နှင့် ညီ​သည်​ကို ငါ​တို့​သိ​ကြ၏။- ထို​သို့​သော​အ​မှု​ကို ကိုယ်​တိုင်​ပြု​လျက်​ပင်၊ သူ​တစ်​ပါး​ပြု​သည်​ကို စစ်​ကြော​စီ​ရင်​သော​သူ၊ သင်​သည် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​နှင့် လွတ်​မည်​ဟု ထင်​မှတ်​သ​လော။- ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။- ထို​သို့​ပြု​လျှင် စိတ်​ခိုင်​မာ၍ နောင်​တ​မ​ရ​သည်​နှင့်​အ​ညီ ဒေါ​သ​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​ထင်​ရှား​သော​နေ့၌ ကိုယ်​ခံ​စ​ရာ​ဖို့ အ​မျက်​ဒေါ​သ​ကို ဆည်း​ပူး​သ​လော။- ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့ အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့၊- ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊- ငြင်း​ဆန်​သော​သ​ဘော​ရှိ၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို​ကား၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​ထွက်​တော်​မူ​လ​တ္တံ့၊- ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့၊- ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​ရှိ​သ​မျှ​တို့​သည် ဘုန်း​အ​သ​ရေ​ချမ်း​သာ​ကို ခံ​စား​ရ​ကြ​လ​တ္တံ့။- ဘု​ရား​သ​ခင်​သည် အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မှတ်​တော်​မ​မူ။ ပ​ညတ်​တ​ရား​ကို မ​သိ​ဘဲ​ပြစ်​မှား​သော သူ​တို့​သည် ပ​ညတ်​တ​ရား​မဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ပ​ညတ်​တ​ရား​ကို သိ​လျက်​ပင် ပြစ်​မှား​သော​သူ​တို့​သည် ပ​ညတ်​တ​ရား၏​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ တ​ရား​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၌ ဖြောင့်​မတ်​သည်​မ​ဟုတ်။ တ​ရား​ကို ကျင့်​သော​သူ​သာ​လျှင် ဖြောင့်​မတ်​ရာ​သို့ ရောက်​လိမ့်​မည်။- သာ​သ​နာ​ပ​လူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​အ​လို​အ​လျောက် တ​ရား​တော်​ကို ကျင့်​သော​အ​ခါ၊ သူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​ကျင့်​တ​ရား​ကို အ​မှီ​ပြု​သ​ဖြင့်​လည်း​ကောင်း၊- ကိုယ်​ကို​ကိုယ်​သိ​သော​စိတ်​နှ​လုံး​သည် သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း ဆွေး​နွေး​ဆင်​ခြင်၍ အ​ပြစ်​တင်​လျက်၊ လွှတ်​လျက်​နေ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ၌ မှတ်​သား​သော တ​ရား၏​အ​ကျိုး​ကို ထင်​ရှား​စွာ ပြ​ကြ၏။- ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် လူ​တို့၏ မ​ထင်​ရှား​သော အ​မှု​အ​ရာ​တို့​ကို စစ်​ကြော စီ​ရင်​တော်​မူ​သော​နေ့၌ ထို​သို့​စီ​ရင်​တော်​မူ​လ​တ္တံ့။