YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 16:1-16

ရောမ 16:1-16 JBMLE

ကင်​ခြေ​မြို့​အ​သင်း​တော်၌ သင်း​ထောက်​မိန်း​မ​ဖြစ်​သော ငါ​တို့​နှ​မ​ဖိ​ဗေ​ကို သင်​တို့​ထံ​သို့ ငါ​သွင်း​ပေး၏။- သန့်​ရှင်း​သူ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ ထို​သူ​ကို​လက်​ခံ​ကြ​လော့။ သူ​သည် အ​ကူ​အ​မ​လို​သ​မျှ​သော အ​မှု​တို့၌ သူ့​ကို​ကူ​မ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​သည် များ​စွာ​သော သူ​တို့​ကို​လည်း​ကောင်း၊ ငါ့​ကို​လည်း​ကောင်း၊ မ​စ​သော​သူ​ဖြစ်၏။- ငါ​နှင့်​အ​တူ ယေ​ရှု​ခ​ရစ်၏ အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို နှုတ်​ဆက်​ကြ​လော့။- ထို​သူ​တို့​သည် ငါ့​အ​သက်​အ​ဖို့ မိ​မိ​တို့​လည်​ပင်း​ကို ချ​ထား​သော​သူ​ဖြစ်​ကြ၏။ သူ​တို့​ကျေး​ဇူး​ရှိ​သည်​ဟု ငါ​တစ်​ယောက်​တည်း​သာ ဝန်​ခံ​သည်​မ​ဟုတ်။ တစ်​ပါး​အ​မျိုး​သား အ​သင်း​တော်​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ၏။- သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို​လည်း နှုတ်​ဆက်​ကြ​လော့။ အာ​ရှိ​ပြည်​တွင် ခ​ရစ်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်​သော ငါ့​ချစ်​သား​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ကြ​လော့။- ငါ​တို့​အ​မှု​ကို ကြိုး​စား၍ ဆောင်​ရွက်​သော မာ​ရိ​ကို နှုတ်​ဆက်​ကြ​လော့။- ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ၊ ငါ​အ​မျိုး​သား​ချင်း အ​န္ဒြော​နိတ်​နှင့် ယု​နိ​ကို နှုတ်​ဆက်​ကြ​လော့။ ထို​သူ​တို့​သည် တ​မန်​တော်​များ​တွင် အ​သ​ရေ​ထင်​ရှား​သော​သူ ဖြစ်​ကြ၏။ ငါ့​အ​ရင် တ​ပည့်​တော်​အ​ဖြစ်​သို့ ရောက်​သော​သူ​လည်း ဖြစ်​ကြ၏။- သ​ခင်​ဘု​ရား၌ ငါ့​ချစ်​သား​အ​မ္ပ​လိ​ကို နှုတ်​ဆက်​ကြ​လော့။- ငါ​တို့​နှင့်​အ​တူ ခ​ရစ်​တော်၏​အ​မှု​ကို​ဆောင်​ရွက်​သော ဥ​ရ​ဗန်​နှင့် ငါ့​ချစ်​သား​သ​တာ​ခု​ကို နှုတ်​ဆက်​ကြ​လော့။- တ​ပည့်​တော်​စစ်​ဖြစ်​သော အ​ပေ​လေ​နှင့် အာ​ရိ​တ္တော​ဗု​လု၏ အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ကြ​လော့။- ငါ၏​အ​ဆွေ​အ​မျိုး ဟေ​ရော​ဒျုန်​နှင့် တ​ပည့်​တော်​ဖြစ်​သော နာ​ကိ​သု၏​အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ကြ​လော့။- သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ကြိုး​စား​သော​မိန်း​မ၊ တ​ရု​ဖဲ​န​နှင့် တ​ရု​ဖော​သ​ကို​လည်း​ကောင်း၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို အ​လွန်​ကြိုး​စား၍ ချစ်​အပ်​သော​မိန်း​မ ပေ​ရ​သိ​ကို​လည်း​ကောင်း နှုတ်​ဆက်​ကြ​လော့။- မြတ်​သော​တ​ပည့်​တော်​ရု​ဖု​နှင့် သူ၏​အ​မိ​တည်း​ဟူ​သော ငါ၏​အ​မိ​ကို နှုတ်​ဆက်​ကြ​လော့။- အ​သုံ​ကြိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မေ​မှ​စ၍ သူ​တို့​နှင့်​အ​တူ​နေ​သော ညီ​အစ်​ကို​တို့​ကို နှုတ်​ဆက်​ကြ​လော့။- ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​နှ​မ​နှင့် ဩ​လု​မ္ပ​မှ​စ၍ သူ​တို့​နှင့်​အ​တူ​နေ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ကြ​လော့။- အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်၏ အ​သင်း​တော်​အ​ပေါင်း​တို့​သည် သင်​တို့​နှင့် နှုတ်​ဆက်​ကြ၏။