ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။- သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း၊ မစသောသူဖြစ်၏။- ငါနှင့်အတူ ယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလကို နှုတ်ဆက်ကြလော့။- ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။- သူတို့အိမ်၌ရှိသော အသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဖို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။- ငါတို့အမှုကို ကြိုးစား၍ ဆောင်ရွက်သော မာရိကို နှုတ်ဆက်ကြလော့။- ငါနှင့်အတူ အကျဉ်းခံရသောသူ၊ ငါအမျိုးသားချင်း အန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ၏။ ငါ့အရင် တပည့်တော်အဖြစ်သို့ ရောက်သောသူလည်း ဖြစ်ကြ၏။- သခင်ဘုရား၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့။- ငါတို့နှင့်အတူ ခရစ်တော်၏အမှုကိုဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြလော့။- တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။- ငါ၏အဆွေအမျိုး ဟေရောဒျုန်နှင့် တပည့်တော်ဖြစ်သော နာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။- သခင်ဘုရား၏အမှုတော်ကို ကြိုးစားသောမိန်းမ၊ တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သောမိန်းမ ပေရသိကိုလည်းကောင်း နှုတ်ဆက်ကြလော့။- မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်းဟူသော ငါ၏အမိကို နှုတ်ဆက်ကြလော့။- အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့။- ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် ဩလုမ္ပမှစ၍ သူတို့နှင့်အတူနေသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။- အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။
ရောမ 16 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 16
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 16:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ