YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 14:19-23

ရောမ 14:19-23 JBMLE

ထို​ကြောင့်၊ ငြိမ်​သက်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း တည်​ဆောက်​ခြင်း​နှင့်​လည်း​ကောင်း ယှဉ်​သော​အ​ရာ​တို့​ကို မီ​အောင်​လိုက်​ကြ​ကုန်​အံ့။- ဘု​ရား​သ​ခင်၏ အ​မှု​တော်​ကို သင်၏​အ​စာ​အ​လို​ငှာ မ​ဖျက်​ဆီး​နှင့်။ အ​စာ​အ​မျိုး​မျိုး​တို့​သည် စင်​ကြယ်၏။ သို့​သော်​လည်း သူ​တစ်​ပါး​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​နှင့် စား​သော​သူ​သည် အ​ပြစ်​ရှိ၏။- အ​မဲ​သား​ကို​စား​ခြင်း၊ စ​ပျစ်​ရည်​ကို​သောက်​ခြင်း​ကိ​စ္စ​မှ​စ၍၊ ညီ​အစ်​ကို​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း၊ အား​နည်း​စ​ရာ​အ​ကြောင်း​များ​ကို ရှောင်​အပ်၏။- သင်​သည် ယုံ​ခြင်း​ရှိ​လျှင် ကိုယ်​အ​လို​အ​လျောက် ဘု​ရား​သ​ခင့်​ရှေ့၌ ရှိ​စေ​လော့။ ကိုယ်​လက်​ခံ​သော​အ​မှု​မှာ ကိုယ်​ကို​မ​စစ်​ကြော မ​စီ​ရင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။- ယုံ​မှား​သော​သူ​သည် စား​လျှင်၊ ယုံ​သော​စိတ်​မ​ရှိ​ဘဲ စား​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယုံ​သော​စိတ်​မ​ရှိ​ဘဲ ကျင့်​သ​မျှ​သော အ​ကျင့်​တို့​သည် အ​ပြစ်​ရှိ​ကြ၏။