YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 13

13
အ​စိုး​ရ​မင်း၏​အုပ်​စိုး​ခြင်း
1အ​စိုး​ရ​သော မင်း​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို လူ​တိုင်း​ဝန်​ခံ​စေ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​ခွင့်​မ​ရှိ​လျှင်၊ မင်း​အာ​ဏာ​စက် မ​ရှိ။ အာ​ဏာ​စက်​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​ရာ ဖြစ်​သ​တည်း။- 2ထို​ကြောင့်၊ မင်း​အာ​ဏာ​ကို ဆန်​သော​သူ​သည် ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို ဆန်​သော​သူ​ဖြစ်၏။ ထို​သို့​ဆန်​သော​သူ​သည် ရာ​ဇ​ဝတ်​ကို ခံ​ရ​မည်။- 3မင်း​မူ​ကား၊ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော​သူ ကြောက်​ဖို့​ဖြစ်​သည်​မ​ဟုတ်။ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​သော​သူ ကြောက်​ဖို့၏။ မင်း​အာ​ဏာ​ကို မ​ကြောက်​ဘဲ နေ​ချင်​သ​လော။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ကျင့်​လျှင် မင်း​အာ​ဏာ​ကြောင့် ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။- 4မင်း​သည်​ကား၊ သင်၏​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ကြောက်​ခြင်း ရှိ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ မင်း​သည်​အ​ချည်း​နှီး ဓား​ကို​ဆောင်​သည်​မ​ဟုတ်။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​ကို အ​ပြစ်​တ​ရား​စီ​ရင်၍ ရာ​ဇ​ဝတ်​ပေး​ပိုင်​သော သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်​သ​တည်း။- 5ထို​ကြောင့်၊ ရာ​ဇ​ဝတ်​ကို​ကြောက်​သော​ကြောင့်​သာ မင်း​အာ​ဏာ​စက်၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​မည် မ​ဟုတ်။ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို ထောက်၍ ဝန်​ခံ​ရ​မည်။- 6ထို​အ​ကြောင်း​ကြောင့် အ​ခွန်​အ​တုတ်​ကို ပေး​ကြ​လော့။ မင်း​တို့​သည် ဘု​ရား​သ​ခင်၏ အ​မှု​စောင့်​ဖြစ်၍၊ အ​မှု​တော်​ကို အ​မြဲ​ထမ်း​ကြ၏။- 7ထို​ကြောင့်၊ လူ​အ​သီး​အ​သီး ခံ​ထိုက်​သည်​အ​တိုင်း ပေး​ကြ​လော့။ အ​ခွန်​ကို​ခံ​ထိုက်​သော​သူ​အား အ​ခွန်​ကို​လည်း​ကောင်း၊ အ​ကောက်​ကို ခံ​ထိုက်​သော​သူ​အား အ​ကောက်​ကို လည်း​ကောင်း ပေး​ကြ​လော့။ ကြောက်​ထိုက်​သော​သူ​ကို ကြောက်​ကြ​လော့။ ရို​သေ​ထိုက်​သော​သူ​ကို ရို​သေ​ကြ​လော့။#မ၊ ၂၂:၂၁။ မာ၊ ၁၂:၁၇။ လု၊ ၂၀:၂၅။
အ​ချင်း​ချင်း​ပြု​အပ်​သော​ဝတ်
8အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​မှ​တစ်​ပါး အ​ဘယ်​ကြွေး​မျှ မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် အ​ကျင့်​တ​ရား​နှင့်​ပြည့်​စုံ​ပြီ။- 9အ​ကြောင်း​မူ​ကား၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်၊ လူ​အ​သက်​ကို မ​သတ်​နှင့်၊ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်၊ မ​မှန်​သော သက်​သေ​ကို မ​ခံ​နှင့်၊ သူ့​ဥ​စ္စာ​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟူ​သော ပ​ညတ်​မှ​စ၍ အ​ခြား​သော ပ​ညတ်​ရှိ​သ​မျှ​တို့​သည်၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ခု၌ အ​ပါ​အ​ဝင် ဖြစ်​ကြ၏။-#ထွ၊ ၂၀:၁၃-၁၅၊ ၁၇။ တ​ရား၊ ၅:၁၇-၁၉၊ ၂၁။ ဝတ်၊ ၁၉:၁၈။ 10ချစ်​ခြင်း​မေ​တ္တာ​ရှိ​သော​သူ​သည် ကိုယ်​နှင့် စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို မ​ဖျက်​ဆီး​တတ်။ ထို​ကြောင့်၊ ချစ်​ခြင်း​မေ​တ္တာ​သည် အ​ကျင့်​တ​ရား​ပြည့်​စုံ​ရာ ဖြစ်​သ​တည်း။
11ထို​မှ​တစ်​ပါး၊ ငါ​တို့​ကို ကယ်​တင်​သော ကျေး​ဇူး​တော်​သည် ငါ​တို့ ယုံ​ကြည်​သော နေ့​ရက်၌​နီး​သည်​ထက် ယ​ခု​သာ၍ နီး​သော​ကြောင့်​လည်း​ကောင်း၊- 12ည​အ​ချိန်​ကုန်​လု၍ နေ့​အ​ချိန် ရောက်​လု​သော​ကြောင့်​လည်း​ကောင်း၊ ယ​ခု​အ​ခါ အိပ်​ပျော်​ရာ​မှ နိုး​ရ​သော​အ​ချိန် ရောက်​ခဲ့​ပြီ​ဟု ငါ​တို့​သည်​သိ၍ ကာ​လ​အ​ချိန်​ကို ထောက်​လျက်၊ မှောင်​မိုက်၏​အ​ကျင့်​ကို ပယ်​ရှား၍၊ အ​လင်း၏ လက်​နက်​စုံ​ကို ဝတ်​ဆင်​ဆောင်​ရွက်​ကြ​ကုန်​အံ့။- 13ပွဲ​လုပ်​ခြင်း၊ ယစ်​မျိုး​သောက်​ကြူး​ခြင်း၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း​အ​မှု​တို့​ကို ကြဉ်​ရှောင်၍၊ နေ့​အ​ချိန်၌​ကဲ့​သို့ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​ဆောင် ပြု​မူ​ကြ​ကုန်​အံ့။- 14သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။ ကိုယ်​ကာ​ယ၏​တပ်​မက်​ခြင်း​အ​လို​ငှာ မ​ကြံ​စည်​ကြ​နှင့်။

လက်ရှိရွေးချယ်ထားမှု

ရောမ 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။