YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 12

12
ခ​ရစ်​တော်၌​အ​သစ်​သော​အ​သက်​တာ
1ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။- 2သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။- 3သင်​တို့​သည် ကိုယ်​ကို​ထင်​သင့်​သည် အ​တိုင်း​ထက် လွန်၍​မ​ထင်​ဘဲ၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား ယုံ​ကြည်​ခြင်း​ကို ဝေ​ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​ကို လျောက်​ပတ်​စွာ ထင်​ရ​မည်​အ​ကြောင်း ငါ​သည် ကိုယ်​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​အ​မှီ​ပြု​လျက်၊ သင်​တို့​တွင် ရှိ​သ​မျှ​သော​သူ​တို့​ကို မှာ​ထား၏။- 4ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍၊ ထို​အင်္ဂါ​အ​များ​သည် ဆောင်​ရွက်​စ​ရာ​အ​မှု တစ်​ခု​တည်း​မ​ရှိ​သ​ကဲ့​သို့၊-#၁​ကော၊ ၁၂:၁၂။ 5ထို​အ​တူ၊ အ​များ​ဖြစ်​သော​ငါ​တို့​သည် ခ​ရစ်​တော်၌ တစ်​ကိုယ်​တည်း​ဖြစ်၍၊ အ​သီး​အ​သီး​အင်္ဂါ​ချင်း ဖြစ်​ကြ၏။- 6ထို​သို့​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း ငါ​တို့​သည် အ​သီး​သီး​အ​ပြား​ပြား​သော ဆု​များ​ကို​ခံ​ရ​သည်​ဖြစ်၍၊ ပ​ရော​ဖက်​အ​ရာ​ရှိ​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​မာ​ဏ​ကို ရ​သည်​အ​တိုင်း ပ​ရော​ဖက်​ပြု​ကြ​ကုန်​အံ့။- 7ဓ​မ္မ​ဆ​ရာ​အ​ရာ​ရှိ​လျှင်၊ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ဆောင်​ရွက်​ကြ​ကုန်​အံ့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​သူ​သည် ထို​အ​မှု​ကို​ဆောင်​ရွက်​စေ။- 8နှိုး​ဆော်​သွေး​ဆောင်​သော​သူ​သည် ထို​အ​မှု​ကို ဆောင်​ရွက်​စေ။ အ​စွန့်​အ​ကြဲ​ဝေ​ငှ​သော​သူ​သည် လျစ်​လျူ​သော​စိတ်​နှင့် ဝေ​ငှ​စေ။ အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝိ​ရိ​ယ​နှင့် အုပ်​ချုပ်​စေ။ မ​စ​သ​နား​ခြင်း အ​မှု​ကို​ပြု​သော​သူ​သည် စေ​တ​နာ​စိတ်​နှင့်​ပြု​စေ။#၁​ကော၊ ၁၂:၄-၁၁။
9မေ​တ္တာ​စိတ်​သည် လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စေ​လော့။ ဆိုး​ညစ်​သော​အ​မှု​ကို စက်​ဆုပ်​ရွံ​ရှာ​ကြ​လော့။ ကောင်း​မွန်​သော​အ​မှု၌ မှီ​ဝဲ​ဆည်း​ကပ်​ကြ​လော့။- 10ညီ​အစ်​ကို​ချစ်​ခြင်း​အ​ရာ​မှာ၊ ပ​က​တိ​ပေါက်​ဖော်​ကဲ့​သို့ တစ်​ယောက်​ကို​တစ်​ယောက် စုံ​မက်​ကြ​လော့။ ချီး​မွမ်း​ခြင်း​အ​ရာ​မှာ၊ သူ​တစ်​ပါး​ကို ကိုယ်​ထက် ချီး​မြှောက်​ကြ​လော့။- 11အား​ထုတ်​ခြင်း​အ​ရာ​မှာ ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ​လျက်၊ စိတ်​တန်း​သ​ဖြင့် သ​ခင်​ဘု​ရား၏​အ​လို​တော်​သို့ လိုက်၍ အား​ထုတ်​ကြ​လော့။- 12မျှော်​လင့်​လျက် ဝမ်း​မြောက်​ကြ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ရောက်​သော​အ​ခါ သည်း​ခံ​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု​ကြ​လော့။- 13သန့်​ရှင်း​သူ​တို့​သည် ဆင်း​ရဲ​သော​အ​ခါ ဝေ​ငှ​ပေး​ကမ်း​ကြ​လော့။ အာ​ဂ​န္တု​တို့​အား ဧည့်​သည်​ဝတ်​ကို ကြိုး​စား၍​ပြု​ကြ​လော့။- 14သင်​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အ​ဖို့ မေ​တ္တာ​ပို့​ကြ​လော့။ ကျိန်​ဆဲ​ခြင်း​ကို​မ​ပြု၊ မေ​တ္တာ​ပို့​ခြင်း​ကို​သာ ပြု​ကြ​လော့။-#မ၊ ၅:၄၄။ လု၊ ၆:၂၈။ 15ဝမ်း​မြောက်​သော​သူ​တို့​နှင့်​အ​တူ၊ ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ငို​ကြွေး​သော​သူ​တို့​နှင့်​အ​တူ ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း ပြု​ကြ​လော့။- 16အ​ချင်း​ချင်း စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ ဂုဏ်​စည်း​စိမ်​ကို ငဲ့​ကွက်​ခြင်း​မ​ရှိ​ကြ​နှင့်။ နှိမ့်​ချ​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော်​လုပ်​ကြ​လော့။ ငါ​သည် ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​ကြ​နှင့်။-#သု၊ ၃:၇။ 17အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။- 18သင်​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ​ကြ​လော့။- 19ချစ်​သူ​တို့၊ သူ​တစ်​ပါး​သည် သင်​တို့​ကို ပြစ်​မှား​လျှင်၊ ကိုယ်​တိုင် အ​ပြစ်​ပြန်၍ မ​တုံ့​ကြ​နှင့်။ အ​မျက်​တော်​ကို အ​ခွင့်​ပေး​ကြ​လော့။ ကျမ်း​စာ​လာ​သည်​ကား၊ ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-#တ​ရား၊ ၃၂:၃၅။ 20ထို​ကြောင့် သင်၏​ရန်​သူ​သည် မွတ်​သိပ်​လျှင် လုပ်​ကျွေး​လော့။ ရေ​ငတ်​လျှင် သောက်​စ​ရာ​ဖို့​ပေး​လော့။ ထို​သို့​ပြု​လျှင် သူ၏​ခေါင်း​ပေါ်၌ မီး​ခဲ​ကို​ပုံ​ထား​လိမ့်​မည်။-#သု၊ ၂၅:၂၁-၂၂။ 21အ​ဆိုး​အား​ဖြင့် အ​ရှုံး​မ​ခံ​နှင့် အ​ကောင်း​အား​ဖြင့် အ​ဆိုး​ကို​နိုင်​လော့။

လက်ရှိရွေးချယ်ထားမှု

ရောမ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။