YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 11:25-36

ရောမ 11:25-36 JBMLE

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။- ထို​သို့ ကျမ်း​စာ​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ကျမ်း​စာ​ချက်​ဟူ​မူ​ကား၊ ကယ်​လွှတ်​သော​သ​ခင်​သည် ဇိ​အုန်​တောင်၌ ပေါ်​ထွန်း၍၊ မ​တ​ရား​သော​အ​မှု​ကို ယာ​ကုပ်​အ​မျိုး​သား​တို့​မှ လွှဲ​တော်​မူ​လ​တ္တံ့၊- သူ​တို့​အ​ပြစ်​များ​ကို ငါ​ပယ်​ရှင်း​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​သည် ထို​သို့​သော​တ​ရား​ဖြစ်၏​ဟု လာ​သ​တည်း။- သူ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့်​မူ​ကား သင်​တို့​အ​ကြောင်း​ကြောင့် ရန်​သူ​ဖြစ်​ကြ၏။ ရွေး​ကောက်​တော်​မူ​ခြင်း​အား​ဖြင့်​မူ​ကား၊ ဘိုး​ဘေး​များ​အ​ကြောင်း​ကြောင့် ချစ်​သူ​ဖြစ်​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ခြင်း၊ ခေါ်​ထား​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​မ​ရှိ၊- သင်​တို့​သည် အ​ထက်​က၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​သော်​လည်း၊ ယ​ခု​တွင် သူ​တို့ နား​မ​ထောင်​ခြင်း​အ​မှု​အား​ဖြင့်၊ သ​နား​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊- ထို​နည်း​တူ၊ သင်​တို့​ခံ​ရ​သော သ​နား​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့​လည်း သ​နား​တော်​မူ​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယ​ခု​တွင် သူ​တို့​သည် နား​မ​ထောင်​ဘဲ နေ​ရ​ကြ၏။- ဘု​ရား​သ​ခင်​သည် လူ​အ​ပေါင်း​တို့​ကို သ​နား​တော်​မူ​ခြင်း အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လူ​အ​ပေါင်း​တို့​ကို နား​မ​ထောင်​ခြင်း​အ​ဖြစ်၌ ချုပ်​ထား​တော်​မူ၏။ ဘု​ရား​သ​ခင်၏​ပ​ညာ​နှင့် ဉာဏ် တော်​သည် အ​လွန် ကျယ်​ဝန်း​နက်​နဲ​စွ​တ​ကား။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ဘယ်​သူ​မျှ စစ်၍​မ​ကုန်​နိုင်။ ကြွ​တော်​မူ​ရာ​လမ်း​တို့​ကို လိုက်၍​ရှာ​သော်​လည်း မ​တွေ့​မ​မီ​နိုင်။- ထာ​ဝ​ရ​ဘု​ရား၏​စိတ်​တော်​ကို အ​ဘယ်​သူ​သိ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​သည် တိုင်​ပင်​ဘက်​ပြု​သ​နည်း။- ကျေး​ဇူး​ဆပ်​တော်​မူ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၌ အ​ဘယ်​သူ​သည် ကျေး​ဇူး​ပြု​ဖူး​သ​နည်း။- ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​အ​ထဲ​က​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း ဖြစ်​ကြ၏။ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။