သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည် လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှာ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော်မူခြင်း ကျေးဇူးသည် တစ်ပါးအမျိုးသားတို့၌ သက်ရောက်လေ၏။- သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကိုလည်းကောင်း၊ သူတို့၏ရှုံးခြင်းအရာသည် တစ်ပါးအမျိုးသားတို့၏ စီးပွားကိုလည်းကောင်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော။ ထိုသို့ဆိုသော်၊ ငါသည် တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့် အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏စိတ်ကို တစ်ခုခုအားဖြင့် နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှာ၊ တစ်ပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။- ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိတ်သဟာယဖွဲ့ခြင်းအကြောင်းဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှ ထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။- အဦးနယ်သော မုန့်စိမ်းသည် သန့်ရှင်းလျှင်၊ တစ်ပုံလုံး သန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက်အလက်များလည်း သန့်ရှင်းကြလိမ့်မည်။- အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့်အတူ သံလွင်ပင်အမြစ်ကိုလည်းကောင်း၊ အဆီဩဇာကိုလည်းကောင်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။- ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။- ငါ့ကိုဆက်၍စိုက်ခြင်းငှာ ထိုအခက်တို့ကို ချိုးဖဲ့ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။- မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကို ချိုးဖဲ့သည်ဖြစ်၍၊ သင်သည် ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ် မရှိစေနှင့်။ ကြောက်ခြင်းစိတ် ရှိစေလော့။- အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိအခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြောတော်မူမည်လော။- သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကိုလည်းကောင်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကိုလည်းကောင်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌ မတည်မနေလျှင်၊ သင်သည်လည်း ခုတ်ပစ်ခြင်းကို ခံရမည်။- သူတို့သည် မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တစ်ဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တစ်ဖန်ဆက်၍ စိုက်ခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏။- အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။
ရောမ 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 11:11-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ